ကွတ်ခိုင် စစ်ကောင်စီဗျူဟာကုန်းကို သိမ်းပိုက်နိုင်ပြီဟု ညီနောင်အဖွဲ့ဆို

Author ခေတ်နီ
Categories
Published on Jan 08, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်များက သတင်းထုတ်ပြန်သည်။

 

အဆိုပါ ဗျူဟာကုန်းကို ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင်​ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ညီနောင်အဖွဲ့က ဆိုထားသည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်ချိန် အောက်တိုဘာ ၂၇ ရက်မှ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ တပ်စခန်းလေးခုထက်မနည်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)မlက သိမ်းပိုက်ထားပြီးဖြစ် သည်။

 

ကွတ်ခိုင်တိုက်ပွဲများဖြစ်ပွားနေစဥ်အတွင်း စစ်ကောင်စီတပ်ဘက်က Y12 လေယာဥ်အသုံးပြုကာ ဟိုကျန့်၊ ပန်ကူ၊ ပန်ဆေး၊ လွယ်ဆိုင်နှင့် လွယ်အွန်းကျေးရွားများကို ဗုံး ၅၉ လုံးအထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ကွတ်ခိုင်ဗျူဟာကုန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ အခြေအနေအသေးစိတ်ကိုသိရှိနိုင်ရန် TNLA ပြန်ကြားရေးဌာနထံ ဆက်သွယ်ခဲ့သော်လည်း ပြောရေးဆိုခွင့်ရှိသူမအားလပ်မှုကြောင့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

 

ယမန်နေ့ ဇန်နဝါရီ ၇ ရက်နေ့က သိန္နီမြို့အခြေစိုက် စကခ ၁၆ နောက်တန်းဌာနချုပ်ကိုလည်း မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။