ကြို့ပင်ကောက်တွင် ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်ဟုဆို

Author မင်းထက်
Categories
Published on Oct 31, 2023

ပဲခူးတိုင်း(အနောက်ခြမ်း) သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင် ၂ ဦးကို တော်လှန်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon(GBK PDF) တပ်ခွဲမှူး ရိုးမနဂါးက CJ Platform သို့ ပြောသည်။

 

ယင်းမြို့နယ် အေးရွာလေးရွာတွင်နေထိုင်သူများဖြစ်သော ၎င်းတို့ကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲခန့်က တောင်ခြေတွင် ယာလုပ်နေစဥ် သွားရောက်ဖမ်းဆီးဖမ်းဆီးပြီးနောက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

“မိသားစုရှိလို့ ထိခိုက်မှုမရှ်ိအောင် ယာတဲနဲ့ မနီးမဝေး တောင်ခြေမှာ ရှင်းလင်းခဲ့တာပါ” ဟု  Black Dragon(GBK PDF) တပ်ခွဲမှူး ရိုးမနဂါးက  ပြောသည်။

 

ရှင်းလင်းပြီးနောက် စစ်ကောင်စီဘက်မှ တုံ့ပြန်မှုမရှိခဲ့သလို မိသားစုထံသို့ အလောင်းကောက်ခိုင်းခဲ့သော်လည်း ယခုထိ အလောင်းများကို မည်သူမျှ လာရောက်သယ်သူမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

ပျူစောထီးအဖွဲ့ဝင်များဖြစ်သည့် ကျော်သူနှင့် အတူးတို့သည် တော်လှန်ရေးရဲဘော်များ၏ သွားလာလှုပ်ရှားမှုများကို ထောက်လှန်းစောင့်ကြည့်၍ စခန်းတည်နေရာများကို စစ်ကောင်စီတပ်သားများနှင့် ဘော်ဘင်ရွာ ပျူစောထီးများထံ သတင်းပေးခြင်း၊ ဒေသခံပြည်သူများကို စစ်ကောင်စီထံ သတင်းပေးဖမ်းဆီးခိုင်းခြင်း၊ စစ်ကောင်စီတပ်များနှင့် ပျူစောထီးအဖွဲ့များကို ငွေအားလူအားဖြင့် ပံ့ပိုးကူခြင်းတို့ပြုလုပ်ကြောင်း စိစစ်အတည်ပြုပြီး ယခုလို အရေးယူခဲ့ရခြင်းဖြစ်ကြောင်း Black Dragon(GBK PDF)က ဆိုသည်။