ကြာညှပ်ရွာ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေသည့် စစ်ကောင်စီနှင့် ပျူစောထီး ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နှစ်ဦးသေ ၊ နှစ်ဦးဒဏ်ရာရ

Author မွန်လေး
Categories
Published on Jan 05, 2023

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်တိုက်နယ်၊ ကြာညှပ်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးတွင် အစည်းအဝေးလုပ်နေသည့် စစ်ကောင်စီနှင့် ပျူစောထီးများ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောသည်။

ဇန်နဝါရီ ၄ရက် (လွတ်လပ်ရေးနေ့) နေ့လယ် ၁နာရီခွဲ ၀န်းကျင်တွင် ကြားညှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အစည်းအဝေးလုပ်နေသည့် ပျူစောထီးနှင့် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်ရှိသည့်နေရာသို့ TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့နှင့် နယ်မြေခံ ရပ်ကျေး ပကဖများ ပူးပေါင်းကာ၊ ဒရုန်းဖြင့် ဗုံးသီးချ(M9) ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ကြဲလိုက်တဲ့ ဗုံးက ေ-ွးတွေအစည်းအဝေးလုပ်နေတဲ့ တည့်တည့်ကို ကျပြီးတော့ ပျူနှစ်ကောင်က နေရာတွင် သေသွားတယ်။ စစ်ေ-ွးနှစ်ကောင်ကတော့ ဒဏ်ရာရတယ်။ နောက်ဆက်တွဲကြားတာတော့ ကြာအင်းဆေးရုံးရောက်နေတဲ့ စစ်ခွေးတစ်ကောင်ဆို ခေါင်းကို အပြင်းအပြင်အထန်ထိသွားတယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

ထို့ပြင် ကြာညှပ်တိုက်နယ်အတွင်းရှိ စစ်ကောင်စီရဲကင်းကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ရန် ဆောင်ရွက်ခဲ့သော်လည်း ဒရုန်းစက်ချို့ယွင်းသဖြင့် ယင်း စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရကြောင်းလည်း သိရသည်။

ထိုကဲ့သို့ တိုက်ခိုက်ခံရမှုအပြီးတွင် စစ်ကောင်စီ အင်အား ၂၀ ခန့်ထပ်မံရောက်ရှိလာကာ အဆိုပါ အုပ်ချုပ်ရေးမှူးရုံး၌ အထိုင်ချပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-ဗီဒီရို-TBK တောင်ဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မန္တလေးတိုင်း #သပိတ်ကျင်းမြို့နယ် #ကြာညှပ်ရွာ