ကြည် – ဘုရားထွက်ရွာ မီးရှို့ခံရမှုအတွင်း ရုပ်အလောင်း တစ်လောင်းတွေ့ရှိ

Author ခေတ်နီ
Categories
Published on Dec 28, 2022

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ကြည်ကျေးရွာနှင့် ဘုရားထွက်ရွာကို စစ်ကောင်စီတပ်မ မီးရှို့ဖျက်ဆီးခဲ့မှုအတွင်းမှာ မီးရှို့ခံထားရသည့် ရုပ်အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကြည်ရွာနှင့် ဘုရားထွက်ကျေးရွာတို့ကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များမှာ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

ထိုသို့ဖျက်ဆီးမှုအတွင်း အိမ်ခြေ ၇၀၀ ခန့် ပျက်စီးခဲ့ပြီး မီးရှို့ခံထားရသည့် ရုပ်အလောင်းတစ်ခုကိုပါ တွေ့ရှိခဲ့တာပဲ ဖြစ်သည်။

“Dead bodyကဘယ်သူဘယ်ဝါဆိုတာကို အတည်ပြုမရသေးဘူး ပြာကျနေတဲ့ထဲကနေ တွေ့တာပေါ့ ရွာသားတွေကတော့ရွာခြေပြန်ကပ်နေကြတယ် တခြားဖမ်းဆီးခံရတာမျိုးတော့မကြားသေးဘူး”ဟု CJ Platform ၏သတင်းရင်းမြစ်ကပြောသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်းမှာတင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာ ၂၂ ရွာမှနေအိမ် ၂၉၀၀ကျော်ပျက်စီးခဲ့ ပြီး အာဏာသိမ်းပြီးချိန်ကနေ ယနေ့အထိစစ်ကောင်စီတပ်များ၏ လက်ချက်ဖြင့် ဒီပဲယင်းမြို့နယ်အတွင်းမှာ ဘာသာရေးအဆောက်အအုံများအပါအဝင် နေအိမ် ၄၂၀၀ခန့်မီးလောင်ပျက်စီးခဲ့ပြီးဖြစ်ကြောင်း ဒီပဲယင်းမြို့ညီနောင်များအဖွဲ့၏ စာရင်းများအရ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ဒီပဲယင်းမြို့နယ် #ကြည်ရွာ #ဘုရားထွက်ရွာ