ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဗုံးပေါက် တစ်ဦးဒဏ်ရာရရှိ

Author ကိုပေါက်
Categories
Published on Dec 06, 2022

ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက်အရှေ့ရပ်ကွက် ပန်းပင်ကြီးလမ်းတွင် ယမန်နေ့ည ကိုးနာရီဝန်းကျင်ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ပန်းပင်ကြီးလမ်း မျက်မမြင်ကျောင်းရှေ့တွင် ရပ်တန့်ထားသည့်၁၂ ဘီကားအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အမျိုးသားတစ်ဦးထိတယ် ခေါင်းနဲ့ခြေထောက် ထိသွားတယ် စစ်တပ်က လူနာတင်ယာဥ်နဲ့လာသယ်ပြီး ဆေးရုံကို ပို့လိုက်တယ်”ဟု ရှင်းပြသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်များသည် ပန်းပင်ကြီးလမ်းတစ်လျှောက် ကားတွေကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ယမန်နေ့ ညပိုင်းကလည်း လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်နှင့် ၇ ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားလေးဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

ရန်ကုန်တိုင်း လှိုင်သာယာ ၊ရွှေပြည်သာ၊မြော က်ဒဂုံနှင့် ကြည့်မြင်တိုင်မြို့နယ်တို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှု့များ ဖြစ်ခဲ့ပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိသည်။

ဓာတ်ပုံ- လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကြည့်မြင်တိုင်မြို့နယ် #ဗုံးပေါက်