ကြည့်မြင်တိုင်ဆိပ်ကမ်းရှိ ရန်ကုန်မြစ်အတွင်း၌ သေဆုံးနေသူ တစ်ဦးအားတွေ့ရှိ

Author မေ
Categories
Published on Nov 30, 2022

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း အမည်မသိ သေဆုံးနေသူတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ရက် နေ့လည်ပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ကြည့်မြင်တိုင်ဆိပ်ကမ်းအနီးရှိ ရန်ကုန်မြစ်အတွင်း သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ ဂျင်းဘောင်းဘီနှင့် တီရှပ်အင်္ကျီတို့အား ဝတ်ဆင်ထားကာ အလောင်းမှာ ပုတ်ပွနေပြီဖြစ်ကြောင်း သိရသည်။

” သေဆုံးသူက ဘယ်သူမှန်းတော့ အခုထိ မသိရသေးဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရသေးပါဘူး။ အလောင်းက ပုတ်ပွနေတော့ ဘယ်သူဆိုတာ ခန့်မှန်းလို့လည်း မရဘူး။ ရေထဲပြုတ်ကျပြီး သေတာလား ၊ တခြားတစ်ခုခုကြောင့် သေတာလား ဆိုတာတော့ ရဲက ဆက်လက်စစ်ဆေးနေပါတယ်”ဟု ကူညီပေးခဲ့သော လင်းလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရေနစ်သေဆုံးသူ အလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ရက်နေ့ကလည်း ရန်ကုန်မြစ်အတွင်း ဒလဘက်ကမ်း၌ သေဆုံးနေသော အသက် ၄၀ အရွယ်ခန့် အမည်မသိ အမျိုးသားတစ်ဦးဧ၊် အလောင်းအား တွေ့ရှိခဲ့သည်။
ဓာတ်ပုံ- လင်းလက်လူမှုကူညီရေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #ကြည့်မြင်တိုင်မြို့နယ် #ရေနစ်သေ