ကျွန်းလှမြို့တွင် သုံးလအတွင်း ရွာ ၁၁ ရွာမှ နေအိမ်ခြောက်ရာကျော်အထိ စစ်ကောင်စီတပ်မှ ဖျက်ဆီး

Author ခေတ်နီ
Categories
Published on Nov 27, 2022

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်း သြဂုတ်လမှစတင်ကာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၄ လတာ ကာလအတွင်း ကျေးရွာ ၁၁ ရွာမှ နေအိမ် ၆၀၀ကျော်ပျက်စီးခဲ့ရကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၂၆ ရက်နေ့မှစတင်ကာ ကျွန်းလှမြို့ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင် မီးရှို့မှုများ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

“အိမ်ခြေကတော့ အတော်များတယ် နောက်ဆုံးအရှို့ခံရတဲ့ခဝါသည်ဆို အကုန်နီးပါးမီးထဲပါတာ အခုထိ ရွာထဲပြန်မဝင်နိုင်သေးပါဘူး”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူတစ်ဦးမှ CJ Platformသို့ပြောသည်။

စစ်ကောင်စီတပ်မှ ထိုသို့မီးရှို့မှုများကြောင့်ကုန်းစည်းမြောက်ရွာနှင့် ကုန်းစည်းအလယ်ရွာမှ၅၉အိမ်၊ တည်ပင်ဆိပ်ရွာမှ၂အိမ်၊ အိမ်ခြေရွာမှ၁၀၅ အိမ်၊ အင်းလျားရှည်ရွာမှ၁၇အိမ် ၊ရွာကုန်းကြီးရွာမှ၅၃အိမ် ၊ပေပင်ချောင်ရွာမှ၇၄အိမ်၊ မော်တုန်ရွာမှ၉အိမ်၊ မော်ကယ်ရွာမှ၁၉အိမ်၊ သစ်ချိုရွာမှ၆၇အိမ်၊ မှော်ကြီး(မော်ကယ်)ရွာမှ နေအိမ်၁၃၀၊ ခဝါသည်ရွာမှ၉၅အိမ်တို့မီးလောင်ပျက်စီးခဲ့သည်။

စစ်တပ်မှတိုင်းပြည်အာဏာသိမ်းယူပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းရှိနေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများကိုစစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးမှုများကြောင့် စစ်ကိုင်းတိုင်း တစ်ခုတည်းမှာပင်နေအိမ်၂၆,၉၇၀ လုံးထက်မနည်း ရှိခဲ့ပြီး နိုင်ငံတစ်ဝန်းမီးရှို့ခံ မှုများ၏ ၇၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) မှ ယခုလအတွင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျွန်းလှ #နေအိမ်များမီးရှို့ခံရ