“ကျွန်တော်တို့ရဲ့ ရဲဘော်တွေ အလှည့်ကျ ကူလီ အငှားလိုက်ပြီးကို ပိုက်ဆံရှာပြီး ဝယ်စားနေရတာ”

Author မင်းထက်
Categories
Published on Dec 24, 2023

THU RAIN TR UG တပ်ဖွဲ့မှ တာဝန်ခံဖြစ်သူ ကိုသူရိန်နှင့် တွေ့ဆုံခြင်း

 

THU RAIN TR UG တပ်ဖွဲ့သည် ပခုက္ကူမြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။ ဒေသတွင်း ပြည်သူများအား ကာကွယ်ရန်နှင့် စစ်ကောင်စီအား တွန်းလှန်တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။ THU RAIN TR UG တပ်ဖွဲ့အနေဖြင့် လက်ရှိအချိန်ကာလတွင် မည်ကဲ့သို့ ရပ်တည်လှုပ်ရှားနေသည်ကို CJ Platform မှ ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြပါသည်။

 

CJ – ဆရာတို့အဖွဲ့အနေနဲ့ အခုချိန်ကာလမှာ ဘယ်လိုရပ်တည် လုပ်ဆောင်နေရပါသလဲ။

KTR – ကျွန်တော်တို့ အရင်နှစ်ကဆိုရင် စားစရာက ပူစရာမလိုဘူးဗျ ကိုယ့်ဘာသာ စိုက်ပျိုးတာရယ် ပြည်သူတွေလှူတာတွေကော အစဉ်ပြေခဲ့တယ်ဗျ။ ဒီနှစ်ကျတော့ ကျွန်တော်တို့ မှာ ရေရှားသွားတယ်ဗျ။ ကျွန်တော်တို့ဆီမှာရှိ့တဲ့ ဆည်က ပေါက်သွားတော့ စိုက်ပျိုးလို့လဲ မရတော့ဘူး အကုန်ဝယ်စားနေရတာ။ ကျွန်တော်တို့ရဲ့ ရဲဘော်တွေ အလှည့်ကျ ကူလီ အငှားလိုက်ပြီးကို ပိုက်ဆံရှာပြီး ဝယ်စားနေရတာ။

 

CJ – ရဲဘော်တွေ ကူလီထမ်းရတယ်ဆိုတာမျိုးက ဘယ်လိုမျိုးလဲ။

KTR – ရဲဘော်တွေ ဆိုတော့ သူများထက်တော့ သူတို့က တက်နိုင်တာထက်ပိုတော့ပေးတယ်ဗျ။ ပုံမှန်လူဆို တစ်ရက် ၄၀၀၀ပေးတယ်ဗျ။ ရဲဘော်ကျတော့ ၆၀၀၀တော့ ပေးတယ်ဗျ။

 

CJ – ဒီလိုအချိန်တွေမှာ ရဲဘော်တွေက ဘာပြောလဲ။

KTR – တစ်ခါတစ်ကြတော့လဲ ရဲဘော်တွေကပြောတယ်ဗျ။ သူတို့ပင်ပန်းတယ်ဆိုတာ တိုင်းပြည်အတွက်မို့ ပျော်ပါတယ်လို့ ပြောပေမဲ့ သူတို့လေးတွေက အရင်ကဆို မိဘရဲ့ အရိပ့်အောက်မှာ ကျောင်းသားလူငယ်တွေ ဖြစ်တဲ့အတွက် သူတို့မလုပ်ဘူးတဲ့ အရာတွေလုပ်နေရတော့ စိတ်ဓာက်တွေ ကျကျသွားတယ်လို့တော့ ပြောတယ်ဗျ။ သူတို့ယုံကြည်မူကတော့ ဘယ်လောက်ဘဲပင်ပန်းပါစေ ဒါကြီးမရရအောင် တလရကြီး ပြီးတဲ့အထိ လုပ်ဆောင်သွားမယ်လို့ အာမခံကြတယ်။

 

CJ – လက်နက်ခဲယမ်းဆိုင်ရာကော ဘယ်လိုရှိနေလဲ။

KTR – ဒရုန်းတွေဆိုတာလဲ အလုပ်က မနားတန်းလုပ်နေရတော့ ဆုံးတာတွေကလည်း အရမ်းများတယ်။ ပြီးကျ အရင်ကတည်းက နိုင်ငံခြားက အလှူရှင်နည်းပါးတာနဲ့ ခုဆိုရင် ပြည်တွင်းက အလှူရှင်တွေကပါ သိပ်ပြီးမလှူနိုင်တော့တဲ့ အတွက်  ခုဆိုရင် ‌ေ-ွးတွေကို မြင်နေရတာတောင် ဒရုန်း နည်းပါးမူကြောင့် ကျွန်တော်တို့ များများစားစား မတတ်နိုင်တော့ဘူးဗျ။

 

CJ – အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့နဲ့ရော ပူးပေါင်းမှုရှိလား။

KTR – NUG ရဲ့ COC အောက်ကလားဆိုတော့ သူတို့ အမိန့်ပေးမူနဲ့တော့ မဟုတ်ဘူးဗျ။ ကိုယ်ထူကိုယ်ထပဲ ကြိုးစားရတာပေါ့။ NUG ဘက် အကူညီတော့မရခဲ့ဘူးဗျ။ တောင်းလဲ မတောင်းခဲ့ ဖူးဘူးဗျ။ အဆက် အသွယ်လည်း မရှိ့လို့ဗျ။

 

CJ – အလှူရှင် နည်းပါးမှုက ဘာတွေ ဆက်ဖြစ်လာသလဲ။

KTR – သက်ရောက်မူကတော့ လက်နက်ထုပ်လုပ်မူမှာကော  ဗုံးသီး ထုပ်လုပ်မှုမှာကော အများကြီး ထိခိုက်တာပေါ့။ ဗုံးသီးကအစ အရင်လောက် မရနိုင်တော့ဘူးဗျ။ လက်နက်ငယ်အတွက် ကျည်ဝယ်ယူ ဖြည့်တည်းရတာတွေကောကြောင့် ရဲဘော်တွေပါ ကူလီ လုပ်ရတော့တာပေါ့။ ခု ကျွန်တော်တို့ဘက်မှာက ဒရုန်းက အဓိက ကျတယ်ဗျ။ ခုဆို ကျွန်တော်တို့ တပ်ဖွဲ့မှာဆိုရင် တစ်စီးပဲရှိတော့တယ် ထပ်မဝယ်နိုင်တော့ဘူး။

 

CJ – ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ ရှေ့ဆက်နေသလဲ။

KTR – ခံစားရတာတော့ ကျွန်တော်တို့က အသက်တွေပေးပြီး လုပ်နေရတာကို ကျွန်တော်တို့ရဲ့ လုပ်ဆောင်မူတွေလည်း ပြနေတာကို ကျွန်တော်တို့ ကိုယ်ကျိုးအတွက် နဲနဲမှ မပါဘဲလုပ်နေရတာ။ တစ်ခါတလေကြတော့ စိတ်ဓာတ်ကျရတယ်ဗျ။ ကြုံရတာဆိုရင် သွားလာရေးကအစ ဆိုင်ကယ်ဆီစျေးတွေကြီးလို့ အကြွေးယူနေကျ ဆိုင်တွေတောင် အားနာနာနာနဲ့ ယူနေရတယ်။ လက်နက်ဖိုးကြီး သိန်းကိုထောင်နဲ့ ချီပြီး အလှူခံနေတာမဟုတ်ပါဘူး။ ဒီ ဒရုန်းက  ‌ေ-ွးတွေကိုခြောက်လန့်နိုင်ပါတယ်ဆိုတာ သိပြီး ပြည်သူတွေကို တတ်အားသလောက်လေး ထောက်ပံ့ဖို့ လှူပေးဖို့လဲပြောချင်တာပါ။ ကြုံရတဲ့ အခက်အခဲ ခံစားချက်ကိုလဲ လူတွေမြင်အောင် ပြောမပြတက်လို့ တောင်းပန်ပါတယ်ဗျ။

 

CJ – ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ။

KTR – ပြည်သူတွေကို ပြောပြခြင်တာဗျ။ ကျွန်တော်တို့တွေ အများကြီး ဆုံးရူံးတာ မခံရအောင်  တော်လှန်ရေး ရဲဘော် တွေ တကယ် အလုပ်လုပ်တဲ့ ရဲဘော်တွေကို များများထောက်ပံ့စေချင်တယ်။ တော်လှန်ရေး ရဲဘော်တွေ အင်အားတောင့်မှ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေ များများကာကွယ်နိုင်မှာပါ။ ခံယူချက်ကတော့ ကျွန်တော်တို့ ဘဝတွေ အထက်တန်းကျကျ နေနိုင်ခါနီးကျမှ အာဏာရူးပြီးလုပ်ခဲ့တဲ့ ဒီစကစကို မရရတဲ့နည်းနဲ့ အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို ခံယူထားတယ်။