ကျောက်မှော်ရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်အား ဒေသခံPDF များ သုံးရက်တာ တိုက်ခိုက်မှုကြောင့် စစ်သား ၃၀ ခန့်သေဆုံး

Author လင်းခိုင်
Categories
Published on Jan 28, 2023

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ကျေးရွာတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ဒေသခံ PDF များမှ သုံးရက်တာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ခန့်သေဆုံးခဲ့ကြောင်း Monywa Lighting PDF က သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက CJ Platform ကို ယနေ့တွင် ပြောကြားသည်။

ချင်းတွင်းမြစ်ကြောင်းမှ စုန်ဆင်းလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်သည် ကျောက်မှောကျေးရွာတွင် တပ်စွဲထားသည့်အတွက် PDF ပူးပေါင်းအဖွဲ့များသည် ဇန်နဝါရီ ၁၉ ရက်မှ ၂၁ ရက်အထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲ့ကောင်တွေ အင်အားက ၇၀ လောက်ရှိတယ်။ သုံးရက်တာ တိုက်ပွဲမှာ သူတို့ ၃၀ ထက်မနည်းသေဆုံးခဲ့တယ်။ လက်နောက်ကောက်ဖို့ လုပ်တိုင်း ဖိပစ်နေတော့ လက်နက်တွေ မရခဲ့ဘူး” ဟု သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိ ကျောက်မှော်ရွာသို့ အင်အားထပ်တိုးထားပြီး အနီးအနာကျေးရွာများကို လိုက်လံမီးရှို့မှုများပြုလုပ်နေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“ ကျွန်တော်တို့ ဘက်က အနည်းငယ်ထိခိုက်ဒဏ်ရာရတာပဲရှိခဲ့တယ်။ အခုထိ ခွေးတွေက အနီးနားက ရွာတွေဖြစ်တဲ့၊ ကျော်မှော်၊ ကျောက်တန်း၊ စုန်းချောင်း၊ နဘူး၊ နွားခြံကုန်း၊ နတ်လာပို့ရွာတွေကို လိုက်လံ မီးရှို့နေတယ်” ဟု သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံက ရှင်းပြသည်။

သုံးရက်တာ တိုက်ပွဲတွင် PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှ လက်နက်၊ ခဲယမ်း အခက်အခဲကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်းလည်းသိရသည်။
ဓာတ်ပုံ – Monywa Lighting PDF
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ယင်းမာပင် #ကျောက်မှော်ရွာ