ကျောက်ကြီးမြို့တွင် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးခန့်သေဆုံး

Author လင်းခိုင်
Categories
Published on Jan 08, 2023

 

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့တွင် စစ်ကောင်စီတပ်ကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦးခန့် သေဆုံးခဲ့ကြောင်း BPDF-YOMA က ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၈ ရက် နံနက် ၅နာရီ မိနစ် ၃၀ ခန့်တွင် နတ်သံကွင်း-ကျောက်ကြီးလမ်း အနီးတွင် နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီ မိနစ် ၃၀ အထိ တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီခန့်ကြာမြင့်ခဲ့သည်။

ထိုကဲ့သို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ အထိနာကာ ခုနှစ်ဦးသေဆုံးပြီး၊ ကျောက်ကြီး ဆိပ်ကြီးဂိတ်မှ ၊ မဆယ်ဂွေ့အထိ ဆုတ်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ ေ-ွး ဗိုလ်ကြီးဇေယျာလင်းကတော့ လက်နက်ကြီး ထမ်းပြီး ပတ်ပြေးထုနေတယ်လို့ မြို့ခံများမှ သတင်းရရှိ” ဟု BPDF-YOMA က ဆိုထားသည်။

အဆိုပါ စစ်ဆင်ရေးတွင် KNLA နှင့် BPDF-YOMA ဘက်မှ ထိခိုက်ကျဆုံးသူမရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် နွေဦးတော်လှန်ရေးကို တက်နိုင်သည့်ဖက်မှ ကူညီပေးရန် နှိုးဆော်ထားသည်။

ဇန်နဝါရီ ၇ ရက်တွင်လည်း ကျောက်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာကြား၊ နတ်သံကွင်း-ကျောက်ကြီးလမ်းတွင် ထောင်ထားသည့်မိုင်းကို ရှင်းလင်းခဲ့သည့် စစ်ကောင်စီတပ် မိုင်းပေါက်ကွဲမှုကြောင့် ၃ ဦးသေဆုံးပြီး၊ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF က ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ – BPDF-YOMA
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပဲခူးတိုင်း #ကျောက်ကြီးမြို့ #KNLA