ကျူကျူကျားနှင့် လက်ခက်တောင်

Author ပြည်စိုး
Categories
Published on Sep 10, 2023

မိုးကလည်း ဖွဲဖွဲရွာနဲ့ ကိုပြည်စိုးတစ်ယောက် ရွာကိုလွမ်းတာပေါ့၊ အဖန်ရည်တစ်အိုးနဲ့ ကိုပြည်စိုးတစ်ယောက် ဓာတ်ဖုန်းကို ပွတ်ပြီး သီချင်းလေးတွေ နားထောင်ရင်း၊ တေးရေးဆရာ အင်္လကာကျော်စွာ စိန်ဝေလျှံရဲ့ “မလေးလက်ခတ်သံ”သီချင်းကို ဖွင့်လိုက်မိတယ်။

သီချင်းလိုက်ဆိုရင်း ကိုပြည်စိုးမှာ ကိုယ့်လူကြီး ကျူကျူကျားကို သတိရမိတော့ ဖန်ရည်သီးတဲ့အထိ ထရီမိရောဗျို့..

နားထဲမှာ ကြားမိတာ လက်ခတ်သံမဟုတ်ဘဲ လက်ခက်တောင် လက်ခက်တောင်ဆိုပြီးပဲ ကြားကြားနေမိတာ..
ကိုယ့်လူကြီး ကျူကျူကျားကို ဖြတ်ခနဲမြင်မိရင်း ကိုပြည်စိုး ရယ်မဆုံး တဝုန်းဝုန်းပဲပေါ့ဗျာ။

ဘုရားငုတ်တို ရောင်တော်လွှတ်မှ ပုံတော်ဆင်ဝတ်ကြပါစို့ မောင်ကြီးရေတော့ ဆိုလည်း ကိုပြည်စိုးကြားမိတာက ဗိုလ်တာဘောရေတော့ လို့ ကြားမိလို့ ကြားမိ

အောက်ပြည်ဆို လှေတော်ထိုး ပိုးမှာလိုက်တယ်လေ့ လှေ.. ဆိုလည်း ကိုပြည်စိုးကြားမိတာ ဒရုန်းမှာလိုက်သလေးဆိုပြီး ကြားမိလို့ ကြားမိ

အနားတစ်ဖက်တစ်ချက်ရယ်က စိမ်းနုခြယ် စိမ်းနုခြယ်ဆိုလည်း ကိုပြည်စိုး ကြားမိတာက အနားတစ်ဖက်တစ်ချက်ရယ် ဝိုင်းထားတယ် ဝိုင်းထားတယ်ပဲ

အဆိုကျော်က လက်ခတ်သံ လက်ခတ်သံ မလေးလက်ခတ်သံလို့ ဆိုရင်လည်း ကိုပြည်စိုး ကြားမိတာက လက်ခတ်တောင် လက်ခက်တောင် တာဘောလက်ခက်တောင်လို့ပဲ ကြားကြားနေရတာ မရယ်မိဘဲ ဘယ်လိုနေမတုန်း..
လက်ခတ်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေလေ့ဆိုတဲ့ အပိုဒ်ကတော့ ကိုပြည်စိုး အရယ်မိဆုံး.. ဘာတဲ့ လက်ခက်တောင် ဒရုန်းသံများ သောင်းလှိုင်သား ကြွသလေလေ့တဲ့ ဘာတွေ တွေးမိလို့ တွေးမိမှန်း မသိပါဘူး.. ကိုယ့်လူကြီး ကျူကျူကျားအတွက် စိတ်မကောင်းဘူး စိတ်မကောင်းဘူး ဟီးဟီး..

ပြောလို့ရယ် ပြောသည်မဟုတ် ကျူကျူကျားခမျှာ ညအိပ်ရင်တောင် လက်ခက်တောင် လက်ခက်တောင်လို့ ယောင်နေသေးလားမသိ..

လက်ခက်တောင်.. လက်ခက်တောင် တာဘောလက်ခတ်တောင် .. လက်ခက်တောင် လက်ခက်တောင် တာဘောလက်ခက်တောင်.. လက်ခက်တောင် ဒရုန်းသံများ သောင်းလှိုင်သား ကြွသလေလေ့..

ကဲကဲ.. သီချင်းလေး နားထောင်ချင်ရင်တော့ ကိုယ့်ဘာသာ ယူကျူ့မှာ ရိုက်ရှာပြီး နားထောင်ဗျာ၊ ကိုပြည်စိုးကတော့ ရယ်လို့မဆုံးမို့ ဆက်ရယ်လိုက်ဦးမယ်ဗျာ။