ကျုံလောင်းရွာဟောင်း ကို ရေးဘီလူးအဖွဲ့ နယ်မြေရှင်းလင်း၊ နွေရာသီတွင် စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင် သွားမည်ဟုဆို

Author လင်းခိုင်
Categories
Published on Jan 19, 2023

 

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျုံလောင်းရွာဟောင်းကို ရေးဘီးလူးအဖွဲ့က နယ်မြေရှင်းလင်းခဲ့ပြီး၊ နွေရာသီတွင် စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်သွားမည်ဟု အဖွဲ့ခေါင်းဆောင်မှ CJ Platform သို့ပြောကြာသည်။

“ ဒီနေ့မနက်မှာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့တယ်။ လမ်းသွားလမ်းလာပြည်သူတွေနဲ့ မိတ်ဆက်တယ်။ ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးလိုက်တယ်။ အဓိကကတော့ နယ်မြေထဲမှာ စစ်ကောင်စီတောက်တိုင်တွေ အားလုံးကိုရှင်းလင်းသွားမယ်။ နယ်မြေထဲကို၀င်ခွင့်မပြုဘူး” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ကပြောကြားသည်။

ထို့ပြင် နွေရာသီကာလတွင် စခန်းသိမ်းတိုက်ပွဲများဖော်ဆောင်မည်ဖြစ်သဖြင့် ၊ စစ်ကောင်စီတောက်တိုင်များအနေဖြင့် သတိပြုနေထိုင်ရန် ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က အသိပေးပြောကြားထားသည်။

“နောက်ဆို ထိုးစစ်ဆင်လာမယ့် နွေရာသီမှာ ကြီးကြီးမားမားသက်ရောက်မှုတွေရှိလာနိုင်တယ်။ စခန်းသိမ်းတွေရှိတယ်။ အဲ့ဒီအတွက် အမှိုက်တွေအကုန်ရှင်းလင်းသွားမယ်။ ပင်စည်တွေဖြိုချသွားမယ်။ စစ်ကောင်စီနဲ့ပတ်သက်သမျှ အကုန်ရှင်းလင်းသွားမယ်” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဆက်လက် ပြောကြားသည်။

ကျုံလောင်းရွာဟောင်းကို ဇန်နဝါရီ ၇ ရက်မှ စတင်ကာ ရေးဘီလူးအဖွဲ့က ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းရွာတွင် စစ်ကောင်စီယန္တရားလည်ပတ်ခြင်းမရှိတော့ခြင်းဖြစ်ကာ၊ ယနေ့တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ရေးဘီလူးအဖွဲ့က ဆက်လက်ဆောင်ရွက်ခြင်းဖြစ်သည်

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် အခြေပြုထားကာ ရေးမြို့ပေါ်ထိ စစ်ဆင်ရေးများ၊ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို ပစ်မှတ်ထားတိုက်ခိုက်နေသည့်အဖွဲ့တစ်ခုဖြစ်သည်။

ယခုလဆန်းပိုင်းတွင်လည်း ရေးဘီလူးအဖွဲ့နှင့် Lion Battalion Commando-ဗျူဟာစစ်ကြောင်းတို့ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး မြို့ပြတိုက်ပွဲများကို ယခင်ထက် အရှိန်မြှင့်တင်နိုင်ရန်အတွက် ပူးပေါင်းခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ-ရေးဘီလူး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မွန်ပြည်နယ် #ရေးမြို့ #ရေးဘီလူး