ကျိုက်မရောမြို့ ချောင်းနှစ်ခွနယ်မြေရဲကင်း ပစ်ခတ်ခံရ ဒုရဲမှူးအပါအဝင် ရဲလေးဦးသေ၊ ရဲအချို့ဖမ်းဆီးခံရပြီး လက်နက်များပါသွား

Author ကိုပေါက်
Categories
Published on Nov 12, 2022

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲကင်းစခန်း ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရပြီး ဒုရဲမှူးအပါအဝင် ရဲလေးဦးသေဆုံးကာ ရဲတပ်သားအချို့ဖမ်းဆီးခံရပြီး လက်နက်များပါ ပျောက်ဆုံးနေသည်ဟု ရဲအသိုင်းအဝိုင်းက သိရသည်။

ချောင်းနှစ်ခွရဲကင်းစခန်းကို ယနေ့ နံနက် ခြောက်နာရီခွဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး သေဆုံးကာ လက်နက်များပါ ပျောက်ဆုံးနေသည်ဟု ရဲဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“မနက်အစောကြီး တိုက်ခိုက်ခံရတာ ဒုရဲမှူးအပါအဝင် လေးဦးသေတယ် ရဲဘော်အချို့ အဖမ်းခံရတယ်လို့လဲ ကြားတယ် သေနတ်တွေလည်း ၇လက်ပါသွားတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကျိုက်မရောမြို့ပေါ်အချို့နှင့် ချောင်းနှစ်ခွအနီးတွင် စစ်ကောင်စီတပ်များ အင်အားများပြားစွာ တပ်စွဲထားသည်ဟု မြို့ခံတွေဆီက သိရသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျိုက်မရောမြို့နယ် #ချောင်းနှစ်ခွရဲကင်းစခန်း #အတိုက်ခံရ #ဒုရဲမှူးသေ