ကျိုက်ဒုံရဲစခန်း ဝင်ရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Author ခေတ်န္
Categories
Published on Oct 29, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကျိုက်ဒုံရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရခဲ့ကြောင်း ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ကျိုက်ဒုံရဲစခန်းကို KNLA နှင့် ဒေါနစစ်ကြောင်း တပ်ခွဲ(၁)ပူးပေါင်းအဖွဲ့က ယမန်နေ့ညပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး (၁၀)မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း ရှေ့ထွက် မိုင်း ၄ လုံး၊ မိုင်းကြိုး ၂ ခွေ၊ လက်ပစ်ဗုံး ၂၃ လုံး၊ 7.62 ကျည် ၂၅၄၀ တောင့်၊ ၆၀ မမ ဗုံးသီး ၂၃ လုံးဝ G3 ၆ လက်၊ G3 ကျည်ဘောက် ၁၁ ဘောက်၊ G4 ၁ လက်၊ အူဇီ ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ ဆက်သွယ်ရေး စက်ကြီး ၁ လုံးနှင့် RPG ပို့ယမ်း ၃ တောင့်တို့ကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိခဲ့တာပဲ ဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားများ၏ ထိခိုက်သေဆုံးမှုများကို အတည်ပြုနိုင်ရန်စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ကရင်ပြည်နယ် #ကြာအင်းဆိပ်ကြီး #ကျိုက်ဒုံရဲစခန်း #KNLA #လက်နက်ခဲယမ်း