ကျဆုံးခဲ့ရသော ကော်ဘရာရဲဘော်များအတွက် ရည်စူးကာ အလှူပြုလုပ်

Author ခေတ်နီ
Categories
Published on Aug 29, 2022

ဩဂုတ်လ (၂၂)နှင့် (၂၃) ရက်နေ့ တိုက်ပွဲများအတွင်း ကျဆုံးသွားသည့် ကော်ဘရာစစ်သည်တော်များအတွက် ရည်စူးကာ ၎င်းတို့၏ ရက်လည်သော နေ့များတွင် ကျန်ရစ်သော ရဲဘော်များက ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၊ ဓလေ့များအလိုက် ဆုတောင်းမှုများ၊ အလှူဒါနများ ပြုလုပ်ပေးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက အသိပေးထားသည်။

အဆိုပါ ရည်စူးအလှူကိုကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောနှင့် ရဲဘော်ရဲဘက်များမှ ကျဆုံး ကော်ဘရာစစ်သည်များနှင့် ကျဆုံးသွားသည့် တော်လှန်ရေး ရဲဘော်အပေါင်း အမျှရကြပြီးကောင်းမွန်သော ဘုံဘဝများ၌ ခံစားစံစားရပါစေဟု မေတ္တာပို့ ဆုတောင်းပေးထားသည်။

ယခုရက်ပိုင်းအတွင်း ဘော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်အဖွဲများအခြေပြုရာ ဝေါ်လေဒေသကို စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေပြီး နှစ်ဖက်အကျအဆုံး များပြားလျှက်ရှိနေသည်။