ကော်ဘရာပူးပေါင်းတပ်ဖွဲ့က စနိုက်ပါလက်ချက်ဖြင့် စစ်ကောင်စီ သုံးဦးသေ

Author မွန်လေး
Categories
Published on Oct 08, 2022

တောင်နီကျေးရွာအနီးရှိ စစ်ကောင်စီတပ် အခြေပြုထားသည့် တောင်ကုန်းတစ်ခုကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကြောင်း ကော်ဘရာက ယနေ့ ထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၆ နယ်မြေ၊ တောင်နီကျေးရွာအနီးရှိ တောင်ကုန်းတွင် အခြေပြုထားသည့် စစ်ကောင်စီ ခမရ(၁၀၄)အား KNLA တပ်ရင်း ၂၇ ကော်ဘရာစစ်ကြောင်းနှင့် တပ်မဟာ တပ်ခွဲ(၂)၊ ပူးပေါင်းတပ်ဖွဲ့ စနိုက်ဘာ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ခြင်းဖြစ်ကာ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

အောက်တိုဘာ ၇ရက်နေ့တွင်လည်း တောင်နီကျေးရွာအနီးရှိ ခမရ ၁၀၄ကို ပူးပေါင်းတပ်ဖွဲ့က စနိုင်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခြင်း၊ အောက်တိုဘာ ၄ရက်က စနိုင်ပါဖြင့်ပင် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။

လက်ရှိ တောင်နီကျေးရွာအနီးတွင် အခြေပြုထားသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်ဖွဲ့ စနိုက်ပါဖြင့် စောင့်ကြည့်တိုက်ခိုက်မှုများကို နေ့စဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

တောင်နီကျေးရွာ အနီးသို့ စစ်ကောင်စီ စစ်ကြောင်းများသည် စက်တင်ဘာ ၂၄ရက်မှ စတင်ကာ နေ့စဉ်နီးပါးစစ်ကြောင်း ထိုးနေသည့်အတါက် ပူးပေါင်းတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။