ကော်ဘရာတပ်ဖွဲ့စိုးမိုးနယ်မြေတွင် စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကျဲခံရ နှစ်ဦးသေ

Author ခေတ်နီ
Categories
Published on Oct 20, 2022

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ၊ လူခို့ ညောင်ချောင်း နေရာအား အခြေပြုရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

လူခို့ ညောင်ချောင်း နေရာအား အခြေပြုရန် ကြိုးစားနေသည့် စစ်ကောင်စီတပ်ဖွဲ့ကဗုံးလေးလုံး အတွဲလိုက် ဒုံးစနစ် MLRS ဖြင့် ယမန်နေ့ည အချိန်၌ KNLA ပူးပေါင်း တပ်ဖွဲ့များအား ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် KNLAပူးပေါင်း တပ်ဖွဲ့များက ဒရုန်းများဖြင့် ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ခလရ (၂၀၇) မှတပ်သား (၂) ဦး သေဆုံးခဲ့ကာအဆိုပါ တိုက်ခိုက်မှုအား KNLA တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း ၊ Federal Wings Drone အဖွဲ့၊ တပ်မဟာစစ်ကြောင်း တပ်ခွဲ (၂) ၏ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာပဲ ဖြစ်သည်။