ကော့ကရိတ်မြို့ ပတ်လည်အား KNLA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းပတ်နေပြီဟု ထုတ်ပြန်လာ

Author လင်းခိုင်
Categories
Published on Oct 21, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ KNU တပ်မဟာ (၆) နယ်မြေတွင် KNLA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းထားပြီး လုံခြုံရေးလှည့်ကင်းပတ်နေပြီဖြစ်ကြောင်း ယနေ့ ညနေ ၂နာရီ မိနစ်၄၀ ခန့်တွင် ကျားဖြူ တပ်ခွဲ (၁)က ထုတ်ပြန်လာသည်။

ထို့ပြင် ကော့ကရိတ်ထောင်ကို ဖွင့်လိုက်ပြီး အားလုံးလွတ်မြောက်ကာ ပူးပေါင်းတိုက်ပွဲ၀င်နေကြောင်း၊ အထိနာသည့် စစ်ကောင်စီတပ်သည် ရန်ကုန်မှော်ဘီလေတပ်စခန်း လေယာဉ် ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှုများ ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကော့ကရိတ်မြို့မှ အစပြုပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်မည်ဖြစ်ကာ ရိက္ခာနှင့် လက်နက်ခဲယမ်းပြန်လည်ဖြည့် တင်းရန် လိုအပ်ချက်ရှိနေသေးသည့် အတွက် ပြည်သူများအနေဖြင့် ဝိုင်း၀န်းကူညီရန် ကျားဖြူ တပ်ခွဲ(၁) ကထုတ်ပြန်ထားသည်။

ကော့ကရိတ်မြို့ သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲနေပြီဖြစ်ပြီး ကျားဖြူစစ်ကြောင်း၊ ကော်သူလေး Army မှ Lion Battalion၊ KNLA ပူးပေါင်းတပ်၊ နဂါးဖြူစစ် ကြောင်း၊ Eagle Brigades၊ Federal Wings အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

Lion Battalion ဗျူဟာမှူး ဗိုလ်ကြီးအယ်ဆေဝါးသည် မြို့ပြစစ်ဆင်ရေး အမြန်ဆုံးပြုလုပ်မည်ဟု အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားခဲ့ပြီးနောက် ယခုကော့ကရိတ်မြို့သိမ်းစစ်ဆင်ရေး အကောင်အထည် ဖော်လာခဲ့ခြင်းဖြစ်သည်။