ကောလင်း စီးပွားရေးဘဏ်မှ ကျပ်သိန်း ၉၅၀၀ ကျော် သိမ်းဆည်းထားဟု NUG ဆို

Author အဂ္ဂ
Categories
Published on Nov 14, 2023

NUG ၏ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့သော

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ လက်ကျန်ငွေ ကျပ်သိန်း ၉၅၀၀ ကျော်ကို သိမ်းဆည်းထားသည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

နိုဝင်ဘာ(၈)ရက်နေ့က NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ အမိန့်ဖြင့် ကောလင်းခရိုင်အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေး လုပ်ငန်းစီမံချက်(SOPs-Standard Operating Procedure) အတိုင်း စနစ်တကျလိုက်နာ ဆောင်ရွက်ပြီး သိမ်းဆည်းရမိခဲ့သည့် ကျပ်(၉၅၂)သန်းကျော်ကို လက်ခံရရှိထားကြောင်း NUG ထံ တင်ပြလာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

NUG၊ ကြားကာလဗဟိုဘဏ်အနေဖြင့်လည်း  ယင်းမြန်မာ့စီးပွားရေးဘဏ်၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင် ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှု မရှိစေရန် စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း အသိပေးကြေညာအပ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

SOPs အရ သိမ်းပိုက်ရရှိသည့်ဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူ့အပ်နှံငွေများကို မဆုံးရှုံးစေရန် စနစ်တကျလုပ်ဆောင်ထားသည်ဟု ယမန်နေ့က NUG က ကြေညာထားသည်။

ကောလင်းခရိုင်၊ ကောလင်းမြို့ကို လက်နက်ကိုင်တော်လှန်ရေး ၂ နှစ်ကျော်ကယလအတွင်းပထမဆုံးအနေဖြင့် NUG ၏ ကာကွယ်ဝန်ကြီးဌာနလက်အောက်ရှိ PDF များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ (၆) ရက်တွင် အလုံးစုံထိန်းချုပ် သိမ်းပိုက်နိုင်ခဲ့သည်။