ကောလင်းမြို့ပေါ်တွင် ပြည်သူ့တော်လှန်ရေး အလံတော်လွှင့်ထူ

Author မင်းထက်
Categories
Published on Nov 06, 2023

တော်လှန်ရေး ၂ နှစ်ကျော်အတွင်း ပထမဆုံးမြို့သိမ်းတိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့၌ အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေးအစီအစဉ်ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အလံလွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ကောလင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြေပြုတပ်စွဲထားသည့် ကောလင်းရဲစခန်း၊ အေထြေထြ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားခဲ့ကာ ကောလင်းမြို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MoD)က ထုတ်ပြန်သည်။

တော်လှန်ရေး ၂ နှစ်ကျော်ကာလအတွင်း ခရိုင်အဆင့်မြို့တစ်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညနေထိ လက်နက်မျိုးစုံ (၅၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားမည်ဟု MoD က ယနေ့ ထုတ်ပြန်ကြေညာသည်။

Related News

Depend on news