ကောလင်းမြို့နယ် တရားသူကြီးနှင့် ပါဆယ်ဗုံး အတူဖွင့်ကြည့်သည့် တရားရေးဝန်ထမ်းသုံးဦး အရေးပေါ်ကုသနေရ

Author ကိုပေါက်
Categories
Published on Nov 12, 2022

ကောလင်းမြို့နယ် တရားသူကြီးနှင့် ယမန်နေ့ နံနက်ကိုးနာရီခန့်က ပါဆယ်ဗုံး အတူဖွင့်ကြည့်ရင်း ဗုံးပေါက်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ တရားရေးဝန်ထမ်းသုံးဦး အရေးပေါ်ကုသမှု ခံယူနေရသည်ဟု တရားရုံးနှင့် နီးစပ်သူတွေဆီက သိရသည်။

ကောလင်းမြို့ ကျော်ဇေယျာ ၁ ရပ်ကွက်ရှိ ကောလင်းမြို့နယ်တရားရုံးရုံးတွင် ပါဆယ်ဗုံး ပေါက်ကွဲမှုဖြစ်ခဲ့ရာ မြို့နယ်တရားသူကြီးတစ်ဦးသေဆုံးပြီး တရားရေးဝန်ထမ်းသုံးဦးဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“သတင်းကိုဖုံးထားတာ တရားလွှတ်တော် ရှေ့နေတစ်ဦး ဒဏ်ရာရယ် တရားရေးဝန်ထမ်းနှစ်ဦးလည်းထိတယ် မြို့နယ်တရားသူကြီးကတော့ ပွဲချင်းပြီးသေတယ် ဒဏ်ရာရတဲ့သူတွေ ကောလင်းဆေးရုံမှာ တင်တာမရလို့ စစ်ဘက်ဆေးရုံကိုပို့မှ သိရတာ”ဟု ပြောသည်။

ကောလင်းမြို့နယ် တရားရုံးဗုံးပေါက်ကွဲမှု့ဖြစ်စဥ်တွင် မြို့နယ်တရားသူကြီး ဦးဘရန်ဆိုင်းသေဆုံးပြီး တရားလွှတ်တော်ရှေ့နေ ဦးသန်ထွန်းနှင့် တရားရေးဝန်ထမ်းနှစ်ဦးဖြစ်သည့် ဦးအောင်နိူင်မင်း၊ ကိုစိုင်းအံ့ဖြိုးကျော် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတွေဆီက သိရသည်။

သေဆုံးသူ မြို့နယ်တရားသူကြီး ဦးဘရန်ဆိုင်းမှာ ကောလင်း တရားရေးလောကတွင် နိူင်ငံရေးတက်ကြွလှုပ်ရှားများကို စစ်ကောင်စီအလိုကျ အမိန့်များချမှတ်လေ့ရှိသူတစ်ဦး ဖြစ်သည့်အပြင် လာဘ်စားရာတွင်လည်း နာမည်ဆိုးဖြင့် ကျော်သူတစ်ဦးဖြစ်သည်ဟု တရားရေးအသိုင်းအဝန်းက သိရသည်။

လက်ရှိအခြေအနေအထိ ကောလင်းမြို့နယ်တရားရုံး ဗုံးပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ကောင်စီတပ်တွေက စုံစမ်းစစ်ဆေးနေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဓာတ်ပုံ- လူမှုကွန်ရက်

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

 

#CjPlatform #ကောလင်းမြို့နယ် #မြို့နယ်တရားသူကြီး #ပါဆယ်ဗုံး #ဦးဘရန်ဆိုင်း

Related News

Depend on news