ကောလင်းတွင် အမျိုးသမီးတစ်ဦးအား အမျိုးသားနှစ်ဦးမှ ဓားဖြင့်ထိုးကာ ထွက်ပြေး
စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် အမျိုးသမီးတစ်ဦးကို အမျိူးသား ၂ဦးမှ ဓားဖြင့်ထိုးကာ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှသိရသည်။
ကောလင်းမြို့ စက်ရုံလယ်ပြင်ရပ်ကွက်တွင် ယမန်နေ့ မနက်ပိုင်း ၈ နာရီခန့်မှာ ဆိုင်ကယ်စီးနင်းလာသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသား ၂ ဦးမှ ဓားဖြင့် ၅ချက်ခန့်ထိုးကာ သတ်ဖြတ် သွားခဲ့တာပဲ ဖြစ်သည်။
” ကျားမင်းစတိုးနားမှာ ဖြစ်တာပါဗျ ဓားနဲ့ ၅ ချက်လောက်ထိုးတယ်လို့ သိရတယ် အသက်က ၄၀ ဝန်းကျင်လောက်ပဲ ကလေး ၂ ယောက်တော့ကျန်ခဲ့တယ်သူမှာ ငွေကြေးအရှုပ်အရှင်းကြောင့်လို့လဲကြားတယ် အတိအကျတော့မပြောတတ်ဘူး”ဟု ကောလင်းဒေသခံတစ်ဦးမှ ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးသမီးမှာ နေရာတွင်ပင် သေဆုံးခဲ့ကာ ဓားဖြင့်ထိုးသွားသည့်အမျိုးသား၂ ဦးမှာ အသက် ၃၀ ဝန်းကျင်ခန့်သာရှိသည်ဟု ဒေသခံများ၏ပြောစကားမှသိရပြီး လက်ရှိမှာတော့ ၎င်းတို့ကို ဖမ်းဆီးရမိခြင်း မရှိသေးကြောင်းလည်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကောလင်းမြို့ #ဓားထိုးမှု