ကောလင်းတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ နှစ်ဦး သေဆုံး

Author မင်းထက်
Categories
Published on Nov 25, 2023

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့အတွင်းသို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ နှစ်ဦးသေဆုံးပြီး  တစ်ဦးဒဏ်ရာရခဲ့ကြောင်း ဒေသခံများက CJ Platform သို့ပြောသည်။

 

နို၀င်ဘာလ ၆ ရက်နေ့က  ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့သော ကောလင်းမြို့ကို တိုက်ပွဲမရှိဘဲ  နို၀င်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ ၅၀ ခန့်တွင် ဝန်းသိုမြို့ရှိ ခမရ ၁၂၀ က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူ နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ပစ်ခတ်မှုမှာ လင်မယားနှစ်ဦး သေတယ်လို့ သိရပါတယ်ဗျ ။ဝန်းသိုမြို့ ခမရ ၁၂၀ ကပစ်တဲ့ ဟောင်ဝှစ်ဇာ လက်နက်ကြီးကြောင့် မင်းတဲကြီးရပ်ကွက်မှာ လက်နက်ကြီးကျပြီးတော့ နေအိမ်မှာရှိတဲ့ ဦးစိန်သန်းနဲ့ ဒေါ်အေးမြတို့ ပွဲချင်းပီးသေဆုံးသွားတာ၊ ဒေါ်အေးလှဆိုသူမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်” ဟု Kawlin Revolution – KR အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ကောလင်းမြို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက တိုက်ခိုက်သိမ်းပိုက်ခဲ့သော နေ့မှစပြီး စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် မဟာမိတ်တပ်ဖွဲ့များက ကောလင်း ခရိုင် ကွပ်ကဲရေး ဦးဆောင်မှုဖြင့် နိုဝင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့သည်။

Related News

Depend on news