ကုန်းသာရွာတွင် မိုင်းရှင်းလင်းနေသည့် KRU မှ ရဲဘော်သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်

Author လင်းခိုင်
Categories
Published on Dec 05, 2022

 

ကယား(ကရင်နီ)ပြည်နယ်၊ ဒီမော့ဆိုမြို့၊ ကုန်းသာရွာတွင် မိုင်းရှင်းလင်းနေသည့် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု(KRU) မှ ရဲဘော်သုံးဦးဒဏ်ရာရရှိခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁ရက် နံနက်ပိုင်းတွင် ကုန်းသာကျေးရွာကို ပြန်လည်ရယူပြီးနောက် နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေးများကို လုပ်ဆောင်နေပြီး စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်လာနိုင်သည့် အခြေအနေကို ခုခံတုန့်ပြန်နိုင်ရန် ပြင်ဆင်မှုများပြုလုပ်နေခြင်း ဖြစ်သည်။

ထိုကဲ့သို့ မိုင်းရှင်းလင်းရေးများဆောင်ရွက်နေစဉ် သုံးရက်မြောက်နေ့၌ KRU မှရဲဘော် သုံးဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသည် အနည်းငယ်ပြင်းထန်ခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်နေပြီး အန္တရာယ်ရှိသော အခြေအနေဖြစ်သည့်အတွက် ဒေသခံ အခြားကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအနေဖြင့် သွားလာမှုများ မပြုလုပ်ကြရန်နှင့် သွားလာပါက အသိပေးရန် KRU က ကြေညာထားသည်။

လက်ရှိတွင်လည်း ကုန်းသာကျေးရွာတွင် KRU နှင့် KGZ Volunteer Army အဖွဲ့တို့ပူးပေါင်းပြီး မိုင်းရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
ဓာတ်ပုံ- KRU
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နီ #ဒီမော့ဆို