ကိုယ်ဝန်ဆောင်သည်နဲ့ မီးဖွားပြီးစ မိခင်တွေ သေဆုံးမှုနှုန်း ဘာလို့ မြင့်ရတာလဲ
သေဆုံးမှုနှုန်းမြင့်မားတဲ့ နိုင်ငံအများစုဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့အတိုင်း နိုင်ငံနဲ့တစ်ဝန်း လုံလောက် တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမျိုး မလုပ်နိုင်ကြပါဘူး။ ဒါ့အပြင် ရေခံမြေခံ၊ လမ်းပန်းဆက်သွယ်ရေးတွေကြောင့်လည်း မသေဆုံးသင့်ဘဲ သေဆုံးသွားရတဲ့ မိခင်တွေနဲ့ မိခင်လောင်းလျာတွေ အများအပြားပါ။ ကျေးလက်မှာ နေထိုင်တဲ့အမျိုးသမီးတွေနဲ့ မြို့ပြမှာနေထိုင်တဲ့ အမျိုးသမီးတွေကို နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ကျေးလက်နေအမျိုးသမီးတွေဟာ သေဆုံးသူဦးရေ ပိုများနေတာကို ဥပမာကြည့်နိုင်ပါတယ်။