ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ယမန်နေ့ကထက် ၂၅ ဦးတိုးလာကာ ၂ ဦးသေဆုံးခဲ့

Published on Sep 28, 2022

ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၃၈၁ ဦးထိ တွေ့ရှိလာခဲ့ပြီး ယမန်နေ့က ထက် လူနာသစ် ၂၅ ဦးမြင့်တက်လာခဲ့ကာ သေဆုံးသူ နှစ်ဦးရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၇ ရက်တွင် ကိုဗစ်အတည်ပြုလူနာသစ် ၃၅၆ ဦး တွေ့ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၈ ရက် မှာတော့ ၃၈၁ ဦးတွေ့ရှိခဲ့ကာ အတည်ပြုလူနာသစ်အနည်းငယ် တိုးလာခဲ့သည်။

ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၁ ဦး၊ ၂ဦး နှုန်းဖြင့် သေဆုံးမှုရှိလာခဲ့ရာ ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် သေဆုံးသူ ၂ဦး ရှိလာခဲ့ကြောင်း သ်ိရသည်။

ယနေ့ စက်တင်ဘာ ၂၈ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၈၁ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၂,၄၂၃ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၇ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ပြီး ရာချီကာတွေ့ရှိလာခဲ့သော်လည်း စက်တင်ဘာ ၁ ရက် မှ စက်တင်ဘာ ၂၈ ရက်ထိ ရက်ပေါင်း ၂၈ ရက် အတွင်း အတည်ပြုလူနာသစ် ၇၂၀၂ ဦး ရှိလာပြီးနောက်သေဆုံးသူ ၁၉ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။