ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၂၇၈ ဦးတွေ့ရှိ

Published on Sep 25, 2022

ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် ကိုဗစ် ၁၉ အတည် ပြုလူနာသစ် ၂၇၈ ဦးထိ တွေ့ရှိလာခဲ့ပြီး ယမန်နေ့က ထက် အနည်းငယ် ကျဆင်းလာခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယမန်နေ့ စက်တင်ဘာ ၂၄ ရက်တွင် ကိုဗစ်အတည် ပြုလူနာသစ် ၃၈၀ ဦး တွေ့ရှိခဲ့သော်လည်း ယနေ့ စက်တင်ဘာ ၂၅ ရက် မှာတော့ ၂၇၈ ဦးတွေ့ရှိခဲ့ကာ အတည်ပြုလူနာသစ် ၁၀၂ ဦးလျော့နည်းခဲ့ကြောင်း သိရသည်။

ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၁ ဦး၊ ၂ဦး နှုန်းဖြင့် သေဆုံးမှုရှိလာခဲ့ရာ ယနေ့ စက်တင်ဘာ ၂၅ ရက်တွင် သေဆုံးသူ မရှိခဲ့ကြောင်း သ်ိရသည်။

ယနေ့ စက်တင်ဘာ ၂၅ ရက်၊ ည ၈ နာရီ အချိန်ထုတ် ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၇၈ ဦး တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၁,၄၀၂ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၅ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာချီကာတွေ့ရှိလာခဲ့သော်လည်းစက်တင်ဘာ ၁ ရက် မှ စက်တင်ဘာ ၂၅ ရက်ထိ ရက်ပေါင်း ၂၅ ရက် အတွင်း အတည်ပြုလူနာသစ် ၆၁၈၁ ဦး ရှိလာကာ သေဆုံးသူ ၁၇ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။