ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၀၀ နီးပါးရှိလာကာ ရက်ပေါင်း ၂၀ အတွင်း သေဆုံးသူ ၁၂ဦးရှိ

Published on Sep 20, 2022

ကိုဗစ် ၁၉ ကူးစက်ခံရမှုသည် စက်တင်ဘာ ၂၀ ရက် ၏ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၀၀ နီးပါးထိ တွေ့ရှိလာခဲ့ကာ သေဆုံးသူ နှစ်ဦး တိုးလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ယခု ရက်ပိုင်းအတွင်း ကိုဗစ် ၁၉ အတည်ပြုရောဂါပိုးတွေ့ရှိမှုတိုးပွားလာခဲ့ပြီး ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း နေ့စဥ် ၂ဦးနှုန်းဖြင့် စက်တင်ဘာ ၁၈ ရက်မှ စတင်ကာ ရှိလာခဲ့ပြီး ယနေ့ စက်တင်ဘာလ ၂၀ ရက် အထိ ၆ဦးရှိလာခဲ့ပြီ ဖြစ်သည်။

ယနေ့ စက်တင်ဘာ ၂၀ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၉၉ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ယနေ့ချိန်ထိ ကိုဖြစ်အတည်ပြုလူနာ စုစုပေါင်း ၆၁၉,၅၆၆ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၅၀ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ပြည်တွင်း၌ ကူးစက်မှု များပြားလာခဲ့ကာ ရန်ကုန်၌ပင် ကူးစက်မှုအများဆုံးတွေ့ရှိနေရကြောင်း သိရသည်။

စက်တင်ဘာ ၁ ရက်မှစတင်ကာ စက်တင်ဘာ ၂၀ ရက်ထိ ရက်ပေါင်း ၂၀အတွင်း အတည်ပြုလူနာသစ် ၄၃၄၅ ဦး ရှိလာကာ သေဆုံးသူ ၁၂ ဦး ထိရှိလာခဲ့ကြောင်း သိရသည်။

#Covid #ပြည်တွင်းကူးစက်မှု