ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၂၆၉ ဦးတွေ့ရှိကာ နှစ်ရက် ဆက်တိုက် သေဆုံးသူ လေးဦးရှိ
မြန်မာနိုင်ငံ၌ ယခု စက်တင်ဘာ ၁၉ ရက် ၏ ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၂၆၉ ဦး တွေ့ရှိခဲ့ပြီး နှစ်ရက်ဆက်တိုက် သေဆုံးသူ ၄ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယခု ရက်ပိုင်းအတွင်း ကိုဗစ် ၁၉ အတည်ပြုရောဂါပိုးတွေ့ရှိမှုသည် နေ့စဥ် ၂၆၀ ကျော် နီးပါးခန့် ရှိလာခဲ့ပြီး ကိုဗစ် ၁၉ ကူးစက်ခံရသူ များထဲမှ သေဆုံးသူများလည်း ရှိခဲ့သည်။
ယမန်နေ့ ၁၈ ရက်နှင့် ၁၉ ရက်များတွင် သေဆုံးသူ နှစ်ဦးစီ ရှိခဲ့ရာ ၂ရက်အတွင်း သေဆုံးသူ ၄ဦးရှိခဲ့ကြောင်းသိရသည်။
ယနေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၂၆၉ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ယနေ့ချိန်ထိ ကိုဖြစ်အတည်ပြုလူနာ စုစုပေါင်း ၆၁၉,၁၆၇ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၄၈ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရပြီး ပြည်တွင်း၌ ကူးစက်မှု များပြားလာခဲ့ကာ ရန်ကုန်မြို့၌ပင် ကူးစက်မှုအများဆုံးတွေ့ရှိနေရကြောင်း သိရသည်။
#Covid #ပြည်တွင်းကူးစက်မှု