ကိုဗစ် အတည်ပြုလူနာသစ် တွေ့ရှိမှု ၃ ရက်အတွင်း တစ်ထောင်ကျော် ထိရှိလာ

Published on Oct 03, 2022

အောက်တိုဘာလ ၃ ရက်အတွင်း ကိုဗစ် အတည်ပြုလူနာသစ် ၁၁၂၆ ဦးထိ ရှိလာခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်။

အောက်တိုဘာ ၁ ရက်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာသစ် ၄၇၃ ဦး ၊ အောက်တိုဘာ ၂ ရက်တွင် ကိုဗစ်အတည်ပြု လူနာသစ် ၂၇၅ ဦး နှင့် ယနေ့ အောက်တိုဘာ ၃ ရက်တွင် ကိုဗစ် အတည်ပြုလူနာသစ် ၃၇၈ ဦး တွေ့ရှိခဲ့ပြီး ၃ ရက်အတွင်း တစ်ထောင်ကျော်ထိရှိလာကာ သေဆုံးသူ ၂ ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။

ယနေ့ အောက်တိုဘာ ၃ ရက်၊ ည ၈ နာရီ အချိန်ထုတ်ပြန်ချက်အရ ကိုဗစ် ၁၉ အတည်ပြုလူနာ ၃၇၈ ဦးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံ ၌ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း ၆၂၄,၂၉၂ ဦး ရှိခဲ့ပြီး သေဆုံးခဲ့သူ စုစုပေါင်း ၁၉,၄၆၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ် ၁၉ ရောဂါပိုးသည် ပြည်တွင်း၌ ပြန်လည်ကူးစက်လာခဲ့သည်မှာ သြဂုတ်လ ၏ နောက်ဆုံးပတ်မှ စတင်ခဲ့ရာချီကာတွေ့ရှိလာခဲ့ပြီး ကူးစက်မှု နှုန်းနေစဥ် မြင့်တက်လာခဲ့သည်ကို တွေ့သည်။ ထိုကူးစက်မှုများအတွင်း ရန်ကုန်တိုင်းဒေသကြီးသည် ကူးစက်ခံရမှု အများဆုံးဖြစ်သည်။