ကာကွယ်ရေး၀န်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) တပ်ရင်းများ တွေ့ဆုံခဲ့ပြီး တပ်ရင်းတိုးချဲ့ရန် ဆွေးနွေး

Author မွန်လေး
Categories
Published on Jan 05, 2023

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး၀န်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ရင်းများ တွေ့ဆုံဆွေးနွေးကာ တပ်ရင်းများ တိုးချဲ့စုဖွဲ့ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ ၅ရက်) တွင် ကာကွယ်ရေး၀န်ကြီးဌာနမှ တာ၀န်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) တပ်ရင်း ၁၂၀၁၊ ၁၂၀၂၊ ၁၂၀၃၊ ၁၂၀၄ နှင့် ၁၂၀၅ တို့ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ တွေ့ဆုံရာတွင် ယခုနှစ်အတွင်း ပြုလုပ်မည့် စီမံချက်များ စစ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆုံးဖြတ် တည်ပြုခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) သည် NUG ၊ ကာကွယ်ရေး၀န်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင် စုဖွဲ့ထားသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ကာ လက်ရှိ တပ်ရင်း ၅ ရင်းအထိရှိပြီး တပ်ရင်းအသစ်များ တိုးချဲ့စုဖွဲ့ရန်ပြင်ဆင်နေကြောင်းလည်းသိရသည်။
ဓာတ်ပုံ-ကာကွယ်ရေး၀န်ကြီးဌာန
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #မန္တလေး