ကသာမြို့နယ်တွင် စစ်ကောင်စီ သင်္ဘောမှ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂နှစ်အရွယ် ၄တန်းကျောင်းသူတစ်ဦးဆုံးပါး
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီ သင်္ဘောမှ အမြှောက်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂နှစ်အရွယ် ၄တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ကြောင်း ကသာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ သင်္ဘောများသည် အောက်တိုဘာ ၂၃ ရက်တွင် ကသာမြို့နယ်၊ မိုးတားလေးရေဆိပ်မှ ဖျားနာထိခိုက်ဒဏ်ရာရ စစ်သားများကို တင်ပြီး ရေယာဉ်များဖြင့် ထွက်ခွာလာရာ ဆင်ကုန်တိုင်ကျေးရွာနား အရောက် လက်နက်မျိုးစုံဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အဆိုပါရွာမှ အသက် ၁၂နှစ်အရွယ် ၄တန်းကျောင်းသူ မနှင်းအိလွင်အား လက်နက်ကြီးစ ထိမှန်ခဲ့ပြီး သေဆုံးခဲ့သည်။
ထို့ပြင် အမျိုးသမီးတစ်ဦးသည်လည်း လက်နက်ကျည်စ ထိမှန်ခဲ့ပြီး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် များလည်း ထိခိုက်ပျက်စီမှုများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကောင်စီရဲ့ ရေယာဉ်တွေ အစုန်အဆန်လုပ်ချိန် ဆို စိုးရိမ်နေရတယ်၊ pdfတွေမရှိပဲ ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေတာဟာ ပြည်သူကို တမင်ပစ်ချင်လို့ ပစ်နေတာလားဆိုပြီး စဉ်းစားနေရတယ်” ဟု ဒေသခံတစ်ဦးကပြောကြားသည်။
စစ်ကောင်စီ၏ ရေယာဉ် ၇စီးသည် အောက်တိုဘာ ၂၀ ရက်မှ စတင်ကာ မန္တလေးမှ ထွက်ခွာလာပြီး ကသာမြို့တွင် ညအိမ်ရပ်နားကာ ၂၁ရက်နေ့တွင် အထက်သို့ ဆန်တက်ပြီး ကပ္ပလိပ်ကျေးရွာမှ စတင် ကာ လက်နက်ာကြီးငယ်မျိုးစုံဖြင့် ပစ်ခတ်ဆန်တက် ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့နောက် အောက်တိုဘာ ၂၂ရက်တွင် မိုးတာရွာ မန် ကျည်းပင် ကျောင်းတိုက်၌ တပ်စွဲထားသည့် ထိခိုက် ဖျားနာသည့် စစ်ကောင်စီတပ်သားများကို ရေယာဉ် များဖြင့် ပြန်လည်ခေါ်ဆောင်ပြီး လမ်းတစ်လျှောက် တွင် ကျေးရွာများကို ရေယာဉ်များပေါ်မှ လက်နက် ကြီးများဖြင့် ယမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။