ကလေး PDF အမှတ်(၆) တပ်ရင်းကိုရောက်ရှိလာတဲ့ Iron manနဲ့ မြန်မာပြည်သိန်းတန်

Author CJ-001
Categories
Published on Oct 08, 2022

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကလေး PDF အမှတ်(၆)တပ်ရင်းကို Iron manနဲ့ မြန်မာပြည်သိန်းတန် တို့ ရောက်ရှိလာခဲ့ပါတယ်။
ပြင်ပ ကမ္ဘာလောကမှာရှိတဲ့ Iron manနဲ့ မြန်မာပြည်သိန်းတန်အစစ်တို့တော့ မဟုတ်ခဲ့ဘဲ ပြည်သူတွေရဲ့ မေတ္တာတွေကနေတဆင့် လှူဒါန်းတဲ့ အဝတ်အစားတွေကနေ ပါဝင်လာခဲ့တာပါ။
ပြည်သူတွေလှူဒါန်းတဲ့ အဝတ်အစားတွေထဲမှာ Iron man ဝတ်စုံနဲ့ အဆိုတော် မြန်မာပြည်သိန်းတန်တို့ရဲ့ ဖက်ရှင်တွေနဲ့ တူနဲ့တွေ အင်္ကျီအချို့ကို အမှတ်(၆) တပ်ရင်းက ရဲဘော်တွေ ပျော်ရွှင်စွာ ဝတ်ဆင်ပြခဲ့တာကို အမှတ်(၆) တပ်ရင်းက ထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။
Iron man ဝတ်စုံနဲ့ ရဲဘော်ကတော့ Iron manအစစ်သာ ဖြစ်သွားခဲ့ရင် လေပေါ် ပျံဝဲပြီး အကြမ်းဖက် စစ်ခေါင်းဆောင်ကို ရှင်းလင်းပစ်လိုက်မယ်လို့လဲ ရယ်သွမ်းဖွယ်ကာ ဆိုထားပါသေးတယ်။
ပြည်သူတွေ ဝမ်းသားပီတီဖြစ်အောင် မှတ်တမ်းပုံတွေကို ထုတ်ပြန်ခဲ့တဲ့ ကလေးခရိုင် အမှတ်(၆) တပ်ရင်းမှာ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်နေခဲ့ပြီး ပြည်သူတွေအနေနဲ့ ဆက်လက်ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။