ကလေးမြို့နယ် ရန်ကြီးအောင် စခန်းသိမ်းတိုက်ပွဲမှ ရရှိသော လက်နက်ခဲယမ်းများ MoD ထုတ်ဖော်ပြသ

Author လင်းနွေဦး
Categories
Published on Nov 28, 2023

စစ်ကိုင်းတိုင်း၊ ကလေးခရိုင် ၊ ကလေးမြို့နယ်၊ ရန်ကြီးအောင် တပ်စခန်းအား နိုဝင်ဘာလ (၂၃) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး  ယင်းစခန်းမှ သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MoD)မှ ထုတ်ဖော်ပြသလာသည်။

 

ရန်ကြီးအောင်စခန်းသိမ်း တိုက်ပွဲအား နိုဝင်ဘာလ(၂၁)ရက်နေ့ မှ နိုဝင်ဘာ(၂၃) ရက်နေ့အထိ (၃) ရက်ကြာ အပတ်တကုတ် တိုက်ခိုက်ခဲ့ရပြီးနောက် စခန်းအားအလုံးစုံ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်သား (၁၆)ဦးသေဆုံးကာ (၁၇)ဦးအား လက်ရဖမ်းဆီးရမိခဲ့ပြီး လက်နက်ပစ္စည်း မြောက်မြားစွာအား သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့များဘက်လည်းမှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ရပြီး ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်တပ်စခန်းမှ သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းနှင့် ပစ္စည်းကိရိယာစာရင်းမှာ   G-3 (၉) လက် ၊MA-1 (၁၀) လက် ၊MA-3 (၅) လက် ၊5.56 ကျည် (၉,၅၄၇) တောင့်၊ 7.62 ကျည် (၃,၅၄၆) တောင့်၊ RPG (၁) လက် ၊RPG ကျည်ဖူး (၁၄) ဖူး ၊ ၈၁ မမ မော်တာ (၁) လက်၊၈၁ မမ မော်တာကျည် (၆) ဖူး၊ MA-5 (၂) လက် ၊MA-4 (၂) လက် ၊MA ကျည်ဘောက် (၅၇) ခု၊ G-3 ကျည်ဘောက် (၁၈) ခု ၊ရှေ့ထွက်မိုင်း (၂) လုံး၊ နင်းမိုင်း (၁၉) လုံး၊လက်ပစ်ဗုံး (၁၀၅) လုံး ၊ RPG ပို့ယမ်း (၁၂) တောင့် ၊အီနာဂါ (၆၁) လုံး၊ MA-1 ကာဘိုင်ကျည် (၉၈၀) တောင့် ၊Anti-Drone Gun (၁) လက်၊ ဖုန်း (၃) လုံး၊ ခါးချိုး (၆) လက် ၊40 MM ကျည် (၁၀၀) တောင့်၊ မီးစက် (၂)လုံး၊ ရေစုပ်စက် (၁) လုံး ၊ဟန်းကော (၂)လုံး၊ ဘတ်ထရီအိုး (၅) လုံး၊ ရေပေါ်ထိုးစက် (၁) လုံး၊ သံခမောက် (၅)လုံး၊ အင်ဗာတာ (၂) လုံး၊ ဆိုလာ (၂)ချပ်၊ ဝိုင်ဖိုင်စက် (၁)ခု၊ ပန်ကာ (၂) ခု၊ ပန်းကန် (၅၈) ချပ်၊ ဂေါ်ပြား (၃)ချောင်း၊ သံတူရွင်း (၁) ချောင်း၊ ငန်းပြား (၁) ချောင်း ၊ ပေါက်ပြား (၄) ချောင်း၊ ဓား (၁၃) ချောင်း၊ ရွှေ (၁) ကျပ်ခွဲသား၊ Vaccine Carrier (၃) လုံး၊ဆေးပစ္စည်း (၃) ဖာ၊ မြက်ရိတ်စက် (၁) ခု၊ မော်တာ (၂)ခု၊စားဆီ (၅) ပိဿာ၊ တဘက်ထိုးလွှ (၅)ချောင်း၊ရေပိုက် (၁) ခွေ၊ ဒိုင်နမို (၁) ခု ၊ ဖြတ်စက် (၁) ခု ၊ဖောက်စက် (၁) ခု၊ရေခွက် (၁၀) ခွက် ၊ ရေပေါ်စက် (၁) ခု ၊ကျည်ကာပြား (၂) ချပ် ၊ဒီဇယ် (၂) ဂါလံ၊ ကျွန်းသေတ္တာ (၂) လုံး၊ ဆန် (၈၀) တင်း ၊ရိတ်ချွေစက် (၁) စီး၊ ကား (၃) စီး၊ ဆိုင်ကယ် (၂) စီး တို့ ဖြစ်ကြောင်း ထုတ်ပြန်ချက်အတွင်း NUG မှ ဖော်ပြထားသည်။

ယင်းစခန်းသိမ်း စစ်ဆင်ရေးအား အမှတ်(၁) စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ကလေးခရိုင်၊ အမှတ် (၂/၄/၅/၆) တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ SR-4၊ KKG၊ CNDF၊ RKDF တို့ပူးပေါင်းကာ ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။