ကရင်နီမှာ တစ်လတာအတွင်း စစ်ကောင်စီတပ်သား တစ်ရာကျော်သေ

Author ခေတ်နီ
Categories
Published on Oct 03, 2022

ကရင်နီပြည်တွင် စက်တင်ဘာလ ၁ လတာကာလအတွင်း တိုက်ပွဲများမှာ စစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကထုတ်ပြန်ထားသည်။

ကရင်နီပြည်အတွင်းက လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို လမ်းမကြီး တစ်ကြောနှင့် ဒီးမော့ဆို ၊ နန်းမယ်ခုံ ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်နှင့်
ကရင်နီတပ်မတော် (KA)၊ KNDFနှင့် အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ကြား တိုက်ပွဲပေါင်း ၅၇ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီဘက်က ၁၀၀ ကျော်သေဆုံးခဲ့တာပဲဖြစ်သည်။

စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်မှာ ဒီးမော့ဆိုမြို့နယ်တွင် ၁၈ ကြိမ် ၊ ဖရူဆိုမြို့နယ်တွင် ၁၄ ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် ၁၁ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် ၉ကြိမ် ၊ ရှားတောမြို့နယ်တွင် ၃ကြိမ် ၊ ဘောလခဲမြို့နယ်တွင် ၂ ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း ၅၇ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့တာပဲဖြစ်သည်။

ထိုတိုက်ပွဲများ အတွင်းမှာ စစ်ကောင်စီတပ်မှ ၁၀၄ဦး ကျော် သေဆုံးခဲ့ပြီး ၆၀ဦးကျော် ဒဏ်ရာ ရရှိခဲ့ကာ ၎င်းတို့ထံမှ MA-1 (၃)လက် ၊ MA-2 (၃)လက် ၊ MA-3 (၈)လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား (၁)စီးကိုလဲဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့်KNDFဘက်မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ရတယ်လို့လဲ ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံများ၏ နေအိမ် (၁၀၀) ကျော်နှင့် ဘုရားကျောင်း (၂) ကျောင်း ပျက်စီးခဲ့ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးခဲ့ကာ လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းတိုက်ခိုက်မှုပါ ၁၆ ကြိမ်ထိ ပြုလုပ်ခဲ့သေးတယ်လို့လဲသိရသည်။

ထို့အပြင်လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သားပြည်သူ ၁၀ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ရသလို ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ အရပ်သားပြည်သူ ၂ ဦးရှိခဲ့သည်။