ကရင်နီတွင် မူးယစ်ဆေးဝါး ရောင်းချသူများကို KSP ဖမ်းဆီး

Author ခေတ်နီ
Categories
Published on Nov 27, 2022

 

ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်နေသူများအား ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီပြည်ရဲဌာန(KSP)မှ ထုတ်ပြန်ထားသည်။

ကရင်နီပြည် ဒီးမော့ဆို အနောက်ခြမ်းတွင် မူးယစ်ဆေးဝါးရောင်းချနေသူများကို ကရင်နီပြည်ရဲ၊ အမှတ်(၁)ရဲစခန်းမှ အဖွဲ့ဝင်များ၊ KNDF B-08 KNDF CDM မှ တပ်ဖွဲ့ဝင်များနှင့်ကျေးရွာတာဝန်ခံများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပဲဖြစ်သည်။

“ရောင်းချတာပါဗျ နယ်ခံတွေပါပဲ ဖမ်းမိသူတွေက ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဖမ်းဆီးရမိခဲ့တာပါ”ဟု KSPမှ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုမှ CJ Platform သို့ပြောသည်။

ထိုသို့ ဖမ်းဆီးမှုအတွင်း မူးယစ်ဆေးဝါးရောင်းချသူ ၃ ဦးနှင့် WY စာတမ်းပါ အပန်းရောင်မူးယစ်ဆေးပြား (၂၅၃၅)ပြားအပါအဝင် သေနတ်တစ်လက်နှင့်အခြား သက်သေခံပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်းလဲ သိရသည်။
ဓာတ်ပုံ- ကရင်နီပြည်ရဲဌာန
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကရင်နီပြည် #ဒီမောဆိုး #မူးယစ်ဆေးဝါး #KSP