ကရင်နီတွင် စစ်ဘေးရှောင်များ သောက်သုံးရေ ခက်ခဲလာနေပြီး ရေသယ်ယာဥ်များအတွက် စက်သုံးဆီများ လိုအပ်နေ

Author ခေတ်နီ
Categories
Published on Jan 13, 2023

 

ကရင်နီပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ လုံလောက်မှု မရှိတော့တာကြောင့် ရေသယ်ယူပေးနေရသည့် ကားများအတွက် စက်သုံးဆီများ လိုအပ်နေကြောင်း စစ်ဘေးရှောင် အရေး ကူညီပေးနေသူများထံမှ သိရသည်။

ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးတိမ်းရှောင်ရသည့် ဒေသခံများ ပိုမိုများပြားလာနေပြီး စုဆောင်းထားသည့် သောက်သုံးရေများမှာ လုံလောက်မှု မရှိတော့တာကြောင့် ရေသယ်ယူပေးရသည့် ယာဥ်များအတွက် စက်သုံဆီများ လိုအပ်နေတာပဲ ဖြစ်သည်။

“ဆီစျေးက ဒီမယ်ပြန်တက်လာတယ် လမ်ကြောတခုကို ငါးသောင်းနဲ့ တစ်သိန်းကြားကုန်တယ် နေရာပေါ်လဲမူတည်တာပေါ့ နောက်တခုက ကားတာယာဖိုးတွေလိုတယ် တောလမ်းတွေမှာ အသားကုန်တွန်းရတော့ ကားတာယာတွေက တစ်နှစ် နှစ်ခေါက်တော့ လဲရတယ်”ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

ကရင်နီပြည်အတွင်းတွင် စက်သုံးဆီ တစ်ဂါလံလျင် ၁၃၀၀၀ ကျပ်အထိ ပေါက်စျေး ရှိနေတာကြောင့် စစ်ဘေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအဖို့ ဝင်ငွေမရှိသည့်အတွက်ကြောင့် အခက်ခဲများ ကြုံတွေ့နေရတာပဲ ဖြစ်သည်။

ထို့အပြင် အဆိုပါစစ်ဘေးရှောင်များအတွက် စောင်များနှင့် အနွေးထည်များပါ လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင် ကလေးငယ်များ၏ ကြားကာလ ပညာသင်ကြားရေးအတွက် သင်ထောက်ကူပစ္စည်းများပါ လိုအပ်နေကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ကရင်နီပြည် #စစ်ဘေးရှောင် #ရေလိုအပ် #စက်သုံးဆီ