ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ခွဲထက်ပြီး အဖွဲ့အစည်းအသစ်ထူထောင်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Sep 19, 2022

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ခွဲထက်ပြီး အဖွဲ့အစည်းအသစ်ထူထောင်ခြင်းကို လက်ခံမည်မဟုတ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နိုင်ငံတဝှမ်း အာဏာရှင်စနစ်ကိုမလိုလားသည့် တိုင်းရင်းသားညီကိုမောင်နှမများသည် ကယား(ကရင်နီ)ပြည်သို့ရောက်ရှိကာ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန်အတွက် KDF၊ JPDF၊ GZ-21 LOIKAW၊ MEDIC UNIT၊DMO LOCAL PDF၊ LOIKAW PDF၊ KNDFစသည့်အမည်များဖြင့် ဖွဲ့စည်းပြီး စစ်အာဏာရှင်ကိုတော်လှန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးလိုအပ်ချက်နှင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ အကြံပေးချက်အရ ဒေသတွင်း LPDFများ ထောက်ခံမှုဖြင့် ကွဲပြားနေသည့် KDF၊ JPDF၊ GZ-21 LOIKAW၊ MEDIC UNIT၊DMO စသည့်အဖွဲ့များဖြင့်ညှိနှိုင်းတွေးနွေးပြီး KARENNI REVOLUTION UNION(KRU)ကို ယခုနှစ်မေလတွင်ဖွဲ့စည်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် အဖွဲ့အစည်း စည်းမျဥ်းစည်းကမ်းများကို မလိုက်နာနိုင်ခြင်းနှင့် အခြားသောအကြောင်းများကြောင့် လူအနည်းငယ်ဖြင့် ဂိုဏ်းတပ်ဖွဲ့ အဖွဲ့အစည်းများကို သီးခြားအမည်နာမဖြင့် တည်ထောင်နေသည်ကိုတွေ့ရှိရပြီး KRUသည် Change of Commandတစ်ခုအောက်တွင် စစ်အာဏာရှင်ကိုတွ န်းလှန်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် KRUအနေဖြင့် မိခင်အဖွဲ့အစည်းမှ ခွဲထွက်ကာ အဖွဲ့အစည်းသစ်ထူထောင်ခြင်း တပ်ဖွဲ့အသစ်ထူထောင်ခြင်းကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် PDF၊KRU၊DMO-Local PDF၊KNDFနှင့် EAOsစသည့်တပ်ဖွဲ့များ လက်အောက်သို့ ပူးပေါင်းပါဝင်ကာ ဆက်လက်တိုက်ပွဲဝင်မည်ဆိုပါက လက်ခံအတည်ပြုသွားမည်ဟု ထုတ်ပြန်ထားသည်။