ကမ္ဘာ့ပေါ်တွင် သေဒဏ်ပေးသည့် ၁၈နိုင်ငံအနက် မြန်မာနိုင်ငံပါ၀င်နေပြီး သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်နေကြောင်း ဥရောပသမဂ္ဂထုတ်ပြန်

Author မွန်လေး
Categories
Published on Oct 10, 2022

ကမ္ဘာပေါ်တွင် သေဒဏ်ကွပ်မျက်စီရင်မှု ပြုလုပ်သည့် နိုင်ငံ ၁၈နိုင်ငံအနက် မြန်မာနိုင်ငံပါ၀င်နေပြီး ကမ္ဘာအနှံ့ထင်ရှားစွာ လုပ်ဆောင်လျက်ရှိသည့် သေဒဏ်ဖျက်သိမ်းရေးကို ဆန့်ကျင်နေကြောင်း ဥရောပသမဂ္ဂက ယနေ့ ထုတ်ပြန်ထားသည်။

ယနေ့တွင် ကျရောက်သည့် ဥပရောပနှင့် ကမ္ဘာလုံးဆိုင်ရာ သေဒဏ်ဆန့်ကျင်ရေးနေ့တွင် ပြင်းထန်ရက်စက်ပြီး လူမဆန်သော ပြစ်ဒဏ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ ဇူလိုင် ၂၃ရက်တွင် စစ်အစိုးရက ရက်စွက်စွာ ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူဇော်နှင့် ကိုလှမြအောင်တို့ကို သေဒဏ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ သေဒဏ်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ၃၄နှစ်တာ သေဒဏ်ပေးမှုကိုဆိုင်းငံ့ထားသည့် ဂုဏ်ယူစရာ သမိုင်းကြောင်းကို ပျက်သုဉ်းစေပြီး တရားဥပဒေစိုးမိုးမှုကို ပိုမိုပျက်ယွင်းစေကြောင်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကလည်း သေဒဏ်ဆန့်ကျင်ရေးနေ့တွင် အသက်ရှင်နေထိုင်ခွင့်ကို ချိုးဖောက်သည့် လူမဆန်သော ပြစ်ဒဏ်ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း၊ သေဒဏ်ပေးခြင်းကို ဆိုင်းငံ့ထားသည့် ၃၄နှစ်တာ ဂုဏ်ယူစရာသမိုင်းကြောင်းကို ပျက်သုဉ်းစေသည့် မြန်မာစစ်တပ်၏ သေဒဏ်စီရင်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

Related News

Depend on news