ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို စစ်ကောင်စီမှ ထောင်ဒဏ်ငါးနှစ်ချ

Author ကိုပေါက်
Categories
Published on Dec 26, 2022

ကမာရွတ်မီဒီယာ တွဲဘက်တည်ထောင်သူ အယ်ဒီတာချုပ် ဦးဟံသာညိန်းကို စစ်ကောင်စီ လက်အောက်ခံ အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ယနေ့ နံနက်ပိုင်းက ပုဒ်မ ၃၃(က) ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်ဟု တရားရုံးနှင့်နီးစပ်သူတွေဆီက သိရသည်။

“ဒီနေ့ ပုဒ်မ ၃၃ (က)နဲ့ ထောင် ငါးနှစ်ချတယ် အရင်ကလည်း ပုဒ်မ ၅၀၅(က)နဲ့ ထောင် ၂ နှစ်ချထားတာရှိတယ် စုစုပေါင်း ၇ နှစ်ဖြစ်သွားတာပေါ့”ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီပေးနေသူ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ နှစ် မတ်လ ၂၁ ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးကနေ ပုဒ်မ ၅၀၅(က)ဖြင့် ဦးဟံသာညိန်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ဖူးသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မတ်လအတွင်း ကမာရွတ်မီဒီယာသတင်းဌာနမှ တည်ထောင်သူ ဦးနေသန်‌မောင်နှင့် အယ်ဒီတာချုပ်ဦးဟံသာညိန်းတို့ ဖမ်းဆီးခံရတာဖြစ်သည်။

စစ်ကောင်စီက အမေရိကန်နိုင်ငံသားခံယူထားသူ ဦးနေသန်မောင်ကို ဇွန်လ ၁၄ ရက်နေ့တွင် စွဲဆိုထားသည့် အမှုကို ပြန်ရုပ်သိမ်းကာ အမေရိကန်နိုင်ငံသို့ ပြည်နှင်ဒဏ်ပေးခဲ့ပြီး ဦးဟံသာညိန်းကိုတော့ ဆက်လက်ဖမ်းဆီးထားပြီး အမှုဖွင့်ခဲ့တာဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံအတွင်း ဖမ်းဆီးခံရသည့် သတင်းသမား ၁၅၄ ဦးရှိပြီး ထောင်ဒဏ်ချမှတ်ခံရသူများနှင့် စစ်ကြောရေးတွင် အသက်ဆုံးပါးခဲ့သူများလည်းရှိခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးဟံသာညိန်း #ကမာရွတ်မီဒီယာ #သတင်းလွတ်လပ်ခွင့်