ကမာကြည်တံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချမှုဖြစ်ပွား

Author ခေတ်နီ
Categories
Published on Oct 24, 2022

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ကမာကြည်တံတားပေါ်မှ ယနေ့ မနက် ၉ နာရီခန့်တွင် အမျိုးသမီး ၁ ဦး ရေထဲ ခုန်ချခဲ့မှုဖြစ်ပွားခဲ့ကြောင်း လူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်ခန့်မှာ သကေတ အမှတ် ၂ ကမာကြည်တံတားပေါ်တွင် အမျိုးသမီးတစ်ဦးသည် ၎င်းထံတွင် ပါလာသည့် အသုံးအဆောင် ပစ္စည်များကိုချန်ခဲ့ကာ တံတားပေါ်မှာခုန်ချသွားခဲ့ခြင်း ဖြစ်သည်။

ထိုအမျိုးသမီးသည် ပိုက်ဆံအိတ်တစ်လုံး ဖုန်းတစ်လုံးနှင့် ပိုက်ဆံအနည်းငယ်ကိုချန်ခဲ့ကာ ခုန်ချသွားခဲ့ခြင်းဖြစ်ပြီး မည်သည့်အတွက်ကြောင့် ခုန်ချတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းယူပြီးနောက် စားဝတ်နေရေးကျပ်တည်းမှု အနာဂတ်ပျောက်ဆုံးမှုများကြောင့် ပြီးခဲ့သည့်လပိုင်းအတွင်း နိုင်ငံတစ်ဝန်း၌ သေကြောင်း ကြံစည်မှု ဖြစ်စဥ်များ မြင့်တက်လာခဲ့ကာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့ကလဲ သုဝဏ္ဏ ကမာကြည်တံတားပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသတ်သေမှု ဖြစ်ပွားခဲ့သည်။