ကမာကြည်တံတားပေါ်မှ ခုန်ချသွားသည့် အမျိုးသ မီး၏ အလောင်းအား ပြန်တွေ့

Author ကိုပေါက်
Categories
Published on Oct 26, 2022

သာကေတမြို့နယ် အမှတ် ၂ ကမာကြည်တံတားပေါ် မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခုန်ချသွားသည့် အ မျိုးသမီး၏ အလောင်းကိုယနေ့ နေ့လည်ပိုင်းက ပြန်လည်တွေ့ရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ အောက်တိုဘာလ၂၄ ရက်နေ့ နံနက်ပိုင်းက ခုန်ချသွားသည့်အမျိုးသမီး၏ အလောင်းကိုကို ယနေ့ နေ့လည်တစ် နာရီကျော်က တံတားနှင့် ကိုက်ငါးရာအကွာတွင် ပြန်လည်တွေ့ရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ပရဟိတအဖွဲ့တွေတော့ အလောင်းလာသယ်သွားတယ် ဘယ်ဆေးရုံကို ပို့လဲတော့မသိဘူး ဒီနေ့ တစ်နာရီ ၁၅ မိနစ်ကတွေ့တာ”ဟု ပြောသည်။

အလောင်းဆယ်ယူပြီးနောက် သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်လိုက်သည်ဟု (ခ) ရပ်ကွက် အခြေပြုပရ ဟိတအသင်းမှ တာယဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

“ဒီနေ့ နေ့လယ်ပိုင်းမှာ ပြန်တွေ့တာပါ ၁ နာရီ ၁၅ မိနစ်က တံတားနဲ့ ကိုက်ငါးရာအကွာမှာ တွေ့တာ မြို့ဦးလုလင်အသင်းကတော့ စံပြဆေးရုံရေခဲတိုက်ကို ပို့မယ်လို့ ပြောတယ်”ဟု ရှင်းပြသည်။

အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ စက်တင်ဘာ လ ၁၄ ရက်နေ့ကလည်း အမျိုးသားတစ်ဦး ငမိုးရိပ်ချောင်းအတွင်းသို့ ခုန်ချခဲ့ပြီး မိမိကိုယ်ကိုအဆုံးစီရင်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်။