ကန့်ဘလူတွင် စစ်ကောင်စီတပ်မှ ဗလီတစ်လုံးနှင့် နေအိမ်များကို ဖျက်ဆီးသွား

Author ခေတ်နီ
Categories
Published on Nov 19, 2022

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ အင်ကြင်းမြိုင်ကျေးရွာမှ နေအိမ်များနှင့် ဗလီတစ်လုံးကို စစ်ကောင်စီတပ်များမှ မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ မှ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

အင်ကြင်းမြိုင်ကျေးရွာကို စစ်ကောင်စီတပ်၏ ခမရ (၃၆၃) ၊ (၇၀၁) နှင့်ပျူစောထီးအဖွဲ့များမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဝင်ရောက်လာပြီး ကျေးရွာ အတွင်းရှိ ဗလီနှင့်နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

ထိုသို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ ဗလီနှင့် နေအိမ် ၁၂ လုံး ခန့်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေ လုယက်မှုများပါ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်ကြင်းမြိုင် ကျေးရွာသည် အိမ်ခြေ ၆၀ ခန့်သာရှိသည့် ရွာတစ်ရွာဖြစ်ပြီး အစ္စလာမ် ဘာသာဝင်‌များ အများစုနေထိုင်ကြကာ မိရိုးဖလာ အရ တောင်သူလုပ်ငန်း လုပ်ကိုင်ကြသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင့် ထိုဒေသတဝိုက်သည်လည်း တိုက်ပွဲ‌‌ ဖြစ်ပွားခြင်း မရှိပေမယ့် စစ်ကောင်စီတပ်များမှ ရွာများအတွင်း ဝင်ရောက် စီးနင်းမှုများကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ ပြီးခဲ့သည့် သြဂတ်လ ၂၅ ရက်နေ့ ကလည်း ပျူစောထီး‌အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သူဌေးကုန်း ရပ်ကွက်နေ အသက် ၅၀ ဝန်းကျင် အစ္စလမ် ဘာသာရေး ဆရာတွာစင် နဲ့ အသက် ၁၇ နှစ် အရွယ် မောင်ရာဇာထက်အောင် တို့ သေဆုံးမှုလည်းရှိခဲ့သည်။

ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့