ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှဗိုလ်ကြီးအပါအဝင် ၂ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 22, 2022

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာစစ်ကောင်စီတပ်နှင့် CDF -Kanpetlet တို့ကြားထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်၂ ဦးသေဆုံးကြောင်း CDF ကန်ပက်လက်မှ ယနေ့ ထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့ ကျေးလက်ရုံးအနီး နှင့် မြို့မရဲစခန်းတို့၌ အောက်တိုဘာ ၂၁ရက် မနက်ပိုင်းတွင် စစ် ကောင်စီတပ်နှင့် CDF ကန်ပက်လက်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရှိခဲ့ကြောင်းCDFကန်ပက်လက်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Related News

Depend on news