ကန်ပက်လက်တိုက်ပွဲမှာ စစ်ကောင်စီဘက်မှဗိုလ်ကြီးအပါအဝင် ၂ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Oct 22, 2022

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာစစ်ကောင်စီတပ်နှင့် CDF -Kanpetlet တို့ကြားထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီးစစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင်၂ ဦးသေဆုံးကြောင်း CDF ကန်ပက်လက်မှ ယနေ့ ထုတ်ပြန်ထားသည်။

ကန်ပက်လက်မြို့ ကျေးလက်ရုံးအနီး နှင့် မြို့မရဲစခန်းတို့၌ အောက်တိုဘာ ၂၁ရက် မနက်ပိုင်းတွင် စစ် ကောင်စီတပ်နှင့် CDF ကန်ပက်လက်တို့ကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရှိခဲ့ကြောင်းCDFကန်ပက်လက်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။