ကန်ဒေါ်လာ တစ်ဘီလံယံလျော်ကြေး ပေးရနိုင်သည့်အမှုဖြင့် ခရစ်တီယာနို ရော်နယ်ဒိုလ် အမေရိကတွင် တရားစွဲဆိုခံရ

Author လင်းနွေဦး
Categories
Published on Dec 01, 2023

ဘလွန်းဒီအော ငါးဆုရှင် ကမ္ဘာကျော် ဘောလုံးသမား Cristiano Rinaldo(ခရစ်တီယာနို ရော်နယ်ဒို)သည် Digital Currency (ဒစ်ဂျစ်တယ် ငွေကြေး)များဖြင့် လဲလှယ်ဝယ်ယူရသော NFTs graphic ကာတွန်းပုံများကို ကြော်ငြာပေးမှုဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံတန်ကြေးရှိ တရားစွဲဆိုမှုတစ်ခုဖြင့် ရင်ဆိုင်နေရကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

 

ရော်နယ်ဒိုလ်သည် Crypto၊ Bitcoin ကဲ့သို့ ကမ္ဘာ့အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီဖြစ်သော Binance နှင့် လက်တွဲကာ တန်ဖိုးမရှိသော NFTs(Non-Fungible Token)Graphic ကာတွန်းပုံများကို ထောက်ခံကြော်ငြာပေးမှုဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ တရားရုံးတစ်ခုတွင် နိုဝင်ဘာ (၂၉)ရက် အင်္ဂါနေ့က တရားစွဲဆိုမှု ခံထားရခြင်း ဖြစ်သည်။

 

CR7 ဟုကျော်ကြားသည့် ရော်နယ်ဒိုလ်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း သူ၏လူမှုကွန်ရက်တွင် Binance ကုမ္ပဏီနှင့်လက်တွဲ၍ လူသိရှင်ကြား ကျော်ကြာမှုများအတွင်း ဒီဂျစ်တယ်ပုံစံဖြင့် ၎င်း၏ NFTs graphic ကာတွန်းပုံများ အပါအဝင် အခြားသော NFTs ပုံများကို ကြော်ငြာခဲ့ခြင်းဖြစ်သည်။

 

ရော်နယ်ဒိုကို ဖလော်ရီဒါတရားရုံးက ” Binance ကုမ္ပဏီနှင့်လက်တွဲကာ ဒစ်ဂျစ်တယ် ငွေကြေး ရင်းနှီးမြှုပ်နှံသူများအတွက် ငွေကြေးဆုံးရှုံးမှုကြီးမားသည့် NFTS ကာတွန်းပုံများ ကြော်ငြာရာတွင် တက်ကြွစွာ ပါဝင်ခဲ့သလို အရောင်းမြှင့်တင်မှုများ ပြုလုပ်ခဲ့ရုံမက ၎င်းပါဝင်သည့် မှတ်ပုံတင်၍ မရသော လုံခြုံရေးနည်းပါးသည့် NFTs ကာတွန်းပုံများ ကမ်းလှမ်းရောင်းချရာတွင် ပါဝင်မှုအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်” ဟု CNN သတင်းဌာနတွင် ဖော်ပြထားသည်။

 

တရားစွဲဆိုမှုကို ရင်ဆိုင်ရာတွင် ရှုံးနိမ့်ပါက ရော်နယ်ဒိုလ်ဘက်မှ ကန်ဒေါ်လာ တစ်ဘီလီယံကို လျော်ကြေးအနေဖြင့် ပေးဆောင်ရမည် ဖြစ်သော်လည်း ယခုလို စွဲဆိုမှုအပေါ်  Binance ကုမ္ပဏီနှင့် ရော်နယ်ဒိုလ်ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

 

NFTs များမှာ ဒစ်ဂျစ်တယ်ငွေကြေး လဲလှယ်မှုများ အတွင်း အဓိကအခန်းကဏ္ဍတွင် ပါဝင်သော ထူးခြားသည့် Graphic ကာတွန်းရုပ်ပုံများဖြစ်ပြီး ကမ္ဘာကျော် အနုပညာရှင်များဖြစ်သည့် အဆိုတော် Justin Biber၊ အမေရိကန် Rappers အဆိုတော်များဖြစ်သည့် Snoop Dogg၊ Eminem တို့တွင် ကန်ဒေါ်လာ သန်းချီတန်ဖိုးရှိသည့် ကိုယ်ပိုင် NFTs ပုံများရှိပြီး အခြားသော ကမ္ဘာကျော် ဆယ်လီအများအပြားတွင်လည်း NFTs ပုံများ ပိုင်ဆိုင်ထားကြသည်။

 

ရော်နယ်ဒိုလ်ကဲ့သို့ ယခင်ကလည်း ကမ္ဘာကျော်များဖြစ်သည့် စူပါမော်ဒယ်လ်တစ်ဦးဖြစ်သည့် Kadashian(ကာဒက်ရှန်)၊ လက်ဝှေ့အကျော်အမော် Floyd May Weather(ဖလွိုက် မေဝဲလ်သာ)၊ Late Night Talk Show ပဲ့ကိုင်ရှင် Jimmy Fallon(ဂျင်မီ ဖလ်လန်)တို့တွင်လည်း အလားတူ ဒစ်ဂျစ်တယ် ငွေကြေးနှင့်ပတ်သက်သော တရားစွဲဆိုမှုများ ရင်ဆိုင်ခဲ့ရဖူးသည်။