ကန့်ဘလူ ပင့်သာရွာကို စစ်ကောင်စီတပ်က တတိယအကြိမ်မီးရှို့

Author ခေတ်နီ
Categories
Published on Dec 06, 2022

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အတွင်းရှိ ပင့်သာရွာကိုစစ်ကောင်စီတပ်မှ သုံးကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ပင့်သာရွာကို စစ်ကောင်စ ခမရလ ၃၆၉ ၏ အင်အား၁၀၀ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များမှ ယမန်နေ့(ဒီဇင်ဘာလ ၅ ရက်နေ့)မှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်သည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပင့်သာရွာကို မဝင်ရောက်မှီ ချောင်းကြားရွာကိုလည်းဖျက်ဆီးခဲ့ပြီး အခုလို မီးရှို့ဖျက်ဆီးခဲ့ရခြင်းသည် တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ပင့်သာရွာမှ အိမ်ခြေ ၆၃၅ လုံးရှိသည့်အနက် သြဂုတ် ၁၇ ရက် မီးရှို့စဉ်မှာနေအိမ် ၃၅ လုံး၊ နိုဝင်ဘာ ၁၃ ရက် မီးရှို့မှုတွင် နေအိမ် ၃၆ လုံးပျက်စီးခဲ့ရပြီးယခု တတိယအကြိမ် မီးရှို့မှုတွင် နေအိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့တာပဲ ဖြစ်သည်။

“လက်ရှိတော့ စစ်ကြောင်းလဲ အရမ်းကြီးမဝေးသေးဘူးဗျ ဒေသခံတွေကတော့ ရွာထဲ ပြန်မနေရဲသေးပါဘူးဗျ စစ်ကြောင်းထွက်လို့ ၂ ရက်၃ရက် စိတ်ချရမှ ပြန်ဝင်ရဲတာ အရပ်သားတော့ထိခိုက်မှုမရှိဘူး”ဟု ဒေသခံတစ်ဦးက CJ Platform ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့များ၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှုများကြောင့် ပင့်သာ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသည့် ဒေသခံများသည် နေရပ်စွန့်ခွာ၍ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျွန်းလှ #ပင့်သာရွာ