ကန့်ဘလူမြို့နယ်အတွင်း အမျိုးသမီးများပါ ပျူသင်တန်းတက်ရန် ဦးဝါသဝ ကိုယ်တိုင် လိုက်လံစည်းရုံးနေ

Author ခေတ်နီ
Categories
Published on Dec 26, 2022

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း အမျိုးသမီးများပါ ပျူစောထီး သင်တန်း တက်ရောက်ရန် ဒေသတွင်း ပျူစောထီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ၅၅၀ ဆရာတော်ဟုလူသိများသည့် သင်္ကန်းဝတ်ဆင်ထားသည့် ဦးဝါသဝကိုယ်တိုင် လိုက်လံစည်းရုံးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ဦးဝါသဝကိုယ်တိုင် ကွင်းဆင်းပြီး အိမ်ထောင်စုတစ်စုလျင် တယောက်နှုန်းဖြင့် ပျူစောထီး သင်တန်းတက်ရောက်ရန် စည်းရုံးနေတာဖြစ်ပြီး ကာဘိုး ကျေးရွာမှာတော့ အမျိုးသမီးသမီးများပါ တက်ရောက်ရမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စည်းရုံးစဉ်မှာမှာ ပျူစောထီးသင်တန်းအား လာရောက်မတက်ပါက ကျေးရွာများအား ၎င်းကိုယ်တို င်မီးရှို့ဖျက်ဆီးမည်ဖြစ်ပြီး နေအိမ်များကို PDFနှင့် ဆက်နွယ်သည်ဟုဆိုကာ ချိတ်ပိတ်မှုများပါ လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“သူတို့စည်းရုံးတာတွေက ဒီနှစ် စပိုင်းကနေစပြီး သူ့ဘုန်းကြီးတွေနဲ့ စည်းရုံးနေတာပေါ့ သူ့အခြေစိုက်ရွာကနေ အနီးအနားရွာတွေကို ပျူစောထီးသင်တန်းမတက်ရင် မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတာပေါ့၊ သူက အရင်က ဘာသာရေးအစွန်းရောက် ဘုန်းကြီးပေါ့ NLD နဲ့ အစ္စလာမ်မကောင်းကြောင်းတွေ လိုက်ဟောပြောတဲ့သူပေါ့ ၊သူတို့လုပ်တာတွေက အတော်ဆိုးဆိုးပဲ ရွာတွေဆို ရွာလုံးကျွတ်မီးရှို့တာ ၁၈ရွာကို တပတ်အတွင်းရှို့တာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်း သင်္ကန်းဝတ် ဦးဝါသဝမှ လိုက်လံစည်းရုံးကာ ပျူစောထီးသင်တန်း ပေးထားသည့်ရွာပေါင်း ၄၄ ရွာခန့်ရှိနေပြီး တန့်ဆည်နှင့် ကျွန်းလှမြို့နယ်များပါ ပေါင်းပါက ကျေးရွာ ၆၀ ခန့်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

“သူတို့လုပ်ခဲ့တာတွေတော့ ဆိုးတယ် ကျေးရွာတွေကိုမီးရှို့ရင် အဲ့က ပန်းကန်တွေကအစ ကားနဲ့ တိုက်သယ်ပြီးမီးရှို့တာ သူတိူ့ပျူစောထီးဂိတ်တွေမှာဆိုလည်း သတ်ခံတဲ့ဒေသခံမနည်းတော့ဘူး သူတိူ့သင်တန်းအတွက် စည်းရုံးတာက ရွာတွေမှာ PDFတွေလာရင် သတင်းပို့ဘာညာဆိုပြီးကင်းစောင့်ခိုင်းတယ် အဲ့ကနေသင်တန်းတက်ပေါ့ ငြင်းရင်တော့အိမ်ချိတ်ပိတ်မယ် မီးရှို့မယ်ပြောတာပေါ့”ဟု ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် Infinity group အဖွဲ့ဝင်တစ်ဦးမှ ပြောသည်။

လက်ရှိအချိန်အထိ ဦးဝါသဝ ဦးဆောင်သည့် ပျုစောထီးအဖွဲ့များသည် စစ်ကောင်စီတပ်များနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့နယ်၊ တန့်ဆည်မြို့နယ် ၊ကျွန်းလှမြို့နယ်များရှိ ကျေးရွာများကို စစ်ကြောင်းထိုး လုယက်ဖျက်ဆီးမှုများ လုပ်ဆောင်နေလျက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဦးဝါသဝ #စစ်ကိုင်းတိုင်း #ကန့်ဘလူ