ကနေဒီတောင် စစ်ကောင်စီစခန်းအား PDF Zoland သိမ်းပိုက် ဗိုလ်မှူးတစ်ဦးအပါအဝင် ၁၂ဦးအား ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Nov 22, 2023

ချင်ပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီ(ထွမ်းဘွမ်) တောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား PDF Zoland အဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သား ၁၂ ဦးအား ဖမ်းမိခဲ့ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၂၁ ရက်နေ့တွင် PDF Zoland မှ စခန်းသိမ်း တိုက်ခိုက်ခဲ့သည့် ကနေဒီ စစ်ကောင်စီစခန်း တိုက်ပွဲမှာ ၂ နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး နံနက် ၆ နာရီတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းPDF Zoland ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး ၁ ဦးဖမ်းမိကာ ကျန်စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံ ရှင်းလင်းဖမ်းဆီးရာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၁၀ ဦး အရှင်ဖမ်းမိကာ ၁ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီမှ Mi 35 စစ်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ပြီး Zoland တပ်ဖွဲ့ဝင် ၁ ဦး အသက်ပေး ကျဆုံးခဲ့ရကာ Jammer ၊ လက်နက်မျိုးစုံ ၂၄ လက်၊ ၆၀ မမ ၁ လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ကနေဒီတောင်သည် ချင်းပြည်နယ်မြောက်ပိုင်းတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး စစ်ရေးအရ အချက်အချာကျသည့် စစ်ကောင်စီစခန်းကုန်းတစ်ခု ဖြစ်သည်။