ကနီတွင် စစ်တပ်ရိက္ခာတင်လှည်း တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

Author ခေတ်နီ
Categories
Published on Feb 14, 2023

စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရိက္ခာတင် လှည်း ၆ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးသွားကြောင်း ကျောက်လုံးကြီး PDF တာဝန်ရှိသူထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၈နာရီခန့်တွင် ကနီမြို့မှ စစ်ကောင်စီတပ်နှင့် ပျုစောထီးများအခြေချရာ အလယ်ကျွန်းရွာသို့ ရိက္ခာပို့ရန်ထွက်လာသည့်  ရိက္ခာတင်လှည်း ၆ စီးနှင့် စစ်ကောင်စီ၊ ပျူစောထီးအင်အား ၅၀ ပါအဖွဲ့ကို ကနီမြို့အထွက်၌ ကျောက်လုံးကြီး PDFမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့က သတင်းကြိုရထားတော့ တိုက်မိုင်း ၂ လုံးဆင်ပြီး စောင့်နေတာပေါ့ သူတို့ရဲ့ရှေ့ ပြေးတချို့တော့ မိုင်းမှန်ပြီး လွင့်ထွက်သွားတယ် မျက်မြင်ပဲ၊ ပစ်ခတ်မှုတော့ ဖြစ်ခဲ့တယ် အနီးကပ်ပဲ”ဟု ကျောက်လုံးကြီးPDFအဖွဲ့  တာဝန်ရှိသူတစ်ဦးမှဆိုသည်။

အဆိုပါ တိုက်ပွဲသည် တစ်နာရီခန့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ စစ်သား ၅ ဦးသေဆုံးကာ ရိက္ခာတင်လှည်း ၂ စီး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အတူပြီးခဲ့သည့် ဇန်နဝါရီလ အတွင်းမှာလည်း ကနီမြို့နယ်တွင်း စစ်ကောင်စီတပ်၏ သင်္ဘောသုံးစီးနှင့် ဆန်၊ ဆီ၊ ဆားနှင့် ဒီဇယ်ပေပါ ၃၀၀၀ ကျော် အပါအဝင် လက်နက်ခဲယမ်းတချို့ကိုလည်း ကျောက်လုံးကြီး PDFနှင့် ပူးပေါင်းအဖွဲ့များမှ သိမ်းဆည်းရမိခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကနီမြို့ #ကျောက်လုံးကြီးPDF