ရပ်စောက်တွင် တိုက်ပွဲအကြောင်းပြကာ စစ်ကောင်စီကရွာသားများကို အပြင်မထွက်ခိုင်းပဲ အတင်းအဓမ္မ ရိက္ခာတောင်းခံနေ

Author ခေတ်နီ
Categories
Published on Oct 20, 2022

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများအနီး တိုက်ပွဲဖြစ်ပွားနေသည်ဟုဆိုကာ ရွာသားများကို ရွာအပြင်ပေးမထွက်ပဲ ရိက္ခာများ အတင်းအဓမ္မတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်စောက်မြို့နယ်အတွင်းရှိ နောင်လုံရွာနှင့် ပန်ပျဥ်ရွာအနီးမှာတိုက်ပွဲဖြစ်ပွားသည်ဟုဆိုကာ အောက်တိုဘာလ ၁၈ရက်နေ့မှ စတင်ပြီး စစ်ကောင်စီတပ်မှ ရွာသားများကို ရွာအပြင်မထွက်ခိုင်းပဲ ရွာသားများထံမှ ရိက္ခာများ အတင်းအဓမ္မ တောင်းခံနေခဲ့တာပဲ ဖြစ်သည်။

အဆိုပါ ဒေသတဝိုက်သည် RCSS၊ SSPPနှင့် PNOတို့လှုပ်ရှားရာဒေသဖြစ်ပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ကြောင်း SSPPမှပြောခွင့်ရတစ်ဦးဖြစ်သူ ဗိုလ်မှူးစိုင်းဖုန်းဟန်မှ CJ Platformထံ အတည်ပြုပြောကြားထားသည်။

Related News

Depend on news